Wednesday, 10 August 2016

ရခိုင့် ဖယောင်းတိုင်


ရခိုင့် ဖယောင်းတိုင်
""""""""""""""""""

ငါ၏ ခန္ဒာ
အပှုလောင်လေ့
ငါ၏ အမျိုး
အလင်းရဖို့
ငါ ၀ံ့စားရဲခသည်.........။

ငါ၏ စိတ်ဓာတ်
ငါ့ သတ္တိကို
ကမ္ဘာသိဖို့
ငါ၏ ကိုယ်ကျိုး
ငါ စွန့်လွတ်ရဲခသည်......။

ငါ၏ အဖပြည်
ငါ့လှု၊ ငါ့အမျိုး
ပြည်လည်နှိုးဖို့
ခတတ်ခေါက်လို့
ငါ နှိုးဆော် ၀ံ့ခသည်။

ငါ၏ သတ္တိ
ရခိုင်သွီးကို
သက်သီတည်လို့
မော်မကြည့်ဝံ့ရေ
အင်္ဂလိပ်ကို
ငါ နှင်ထုတ်ဝံ့ခသည်။

ငါ၏ အဓိဌာန်
ယုံကြည်မှုကို
ဇြမ်းဘွတ်ကိုင်လို့
ငါ ပြည်၊ငါမျိုး
အလင်းရဖို့
ငါ အလောင်ခံခသည်။

...................
မှတ်ချက်။ ။ဆရာတော်ဦးဥတ္တမနိန့် အတွက် အမှတ်တရ ရွီးစပ်သည်။

အေးမောင်(ရင်အုံတော်ဓာတ်)
၀၇၊၀၉၊၂၀၀၉

No comments:

Post a Comment