အရှေ့တောင် အာရှ အမျိုးသားရေး သခင် အသျှင် ဦးဥတ္တမ ဟူသောထင်ရှားကြော်ကြား ကမ္ဘာအနံ့အပြားတွင် သမိုင်းစာပေများနှင့် အသျှင် ဦးဥတ္တမ ရုပ်ထုတော်ပုံများကို ရိုရိုသေသေဖြင့် အထိမ်းမှတ်အဖြစ်တည်ရှိလျှက်ရှိပါသည်။
အသျှင် ဦးဥတ္တမ သည် အရှေ့တောင် အာရှ နိုင်ငံတိုင်းကိုသွားရောက်ပြီး ဗြိတိသျှ နယ်ချဲ့ အင်္ဂလိပ်အားတော်လှန်းရေးကိုအများပြည်သူအား သူ့ကျွန်မခံလိုသောစိတ်ဓာတ် အမျိုးသား လွတ်လပ်ရေးစိတ်ဓာတ် ပေါ်ပေါက်လာရေး မီးမောင်းထိုးပြကာ ဟောကြားတော်မူခဲ့ပါသည်။
ဆရာတော် အသျှင် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့ ရူပရွာ ချောင်းနားတန်းတွင် ဖခင် ဦးစံမြနှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့သည်။အသက် ၁၃ နှစ်အရွယ်အတွင် ကိုရင်ဝတ်ပြီး ဗုဒ္ဓစာပေများကို လေ့လာဆည်းပူကာ ပြင်သစ်၊ဟီန္ဒီ၊ ဂျပန်၊ အင်္ဂလိပ်၊ ဘင်္ဂလီ၊ တိဗက်စသည့် စာပေများနှင့်စကားများကိုလည်း တတ်မြောက်ခဲ့သည်။ဆရာတော်သည် မြန်မာနိုင်ငံကို ဗြီတိသျှနယ်ချဲ့များအုပ်ချုပ်စဉ်က မြန်မာအမျိုးသားများကို အမျိုးသားရေး စိတ်ဓါတ် ပေါ်ပေါက်နိုးကြွလာအောင် တောရောမြို့ပါ မကျန် အမျိုးသားရေး တရားများ လှည့်လည် ဟောပြော စည်းရုံးခဲ့သည့်အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် ဗြိတိသျှ ဘုရင်ခံ ဆာဂျလ်အား မြန်မာပြည်မှထွက် သွားရန် နှင်ထုတ်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးထောင်ချ သည်ကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်။ဆရာတော်သည်သူ့ဘ၀တစ်လျှောက်လုံးကို မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပေးဆပ်ကြိုးပမ်းရင်း ၁၉၃၉ ခု စတင်ဘာလ ၉ ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို ရခိုင်အမျိုးသားများက ဆရာတော် ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ပြီး ပြည်တွင်းပြည်ပတွင် အခမ်းအနားများ ကျင်းပ လေ့ရှိသည်။

No comments:
Post a Comment