Friday, 5 August 2016

ရခိုင်​ အာဇာနည်​ ခိုင်​မိုးလင်း အတ္ထုပတ္တိ

ရခိုင့် အာဇာနည်​ ခိုင်မိုးလင်းသည်​  အဖ ဦးမောင်ဖြူသီး နှင့် အမိဒေါ်လှညွန့်ဦးတို့မှ
ှ၁၉၄၄ ခုနှစ်တွင်ရသေ့တောင်မြို့နယ်အဝဒါကျေးရွာမှာ မွီးဖွားခပါရေ။ ငယ်နာမည်​ စံလှဘော်​ ဖြစ်​ပါသည်။

သူ့ကျွန်​မခံလိုစိတ်​ဓာတ်​ အမျိုးသား လွတ်​လပ်​​ရေးစိတ်​ဓာတ်​ဖြင့်​​တော်​လှန်း​ရေးသို့စတင်​ရပ်​တည်​လာခြင်း။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party)ကို ရန်ကုန်မြို့ လှိုင်မြို့နယ် အနောက်အုတ်ကျင်းရှိ သိပ္ပမဉ္ဇူ ဘုန်းတော်ကြီးကျောင်းတွင် ၁၉၆၇-ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် လျှို့ဝှက်အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စတင်ဖွဲ့စည်းခဲ့ကြသည်။ စတင်ဖွဲ့စည်းစဉ်က ရန်ကုန်ရှိ ရခိုင်မျိုးချစ်လူငယ်များ၊ ရဟန်းပျိုများ၊ ရခိုင်အလုပ်သမားများ၊ အထူးသဖြင့် ဂုန်နီစက်ရုံမှ အလုပ်သမားများကို အခြေခံပြီးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။စတင်ဖွဲ့စည်းစဉ်က ပါဝင်သော ဗဟိုကော်မတီဝင် (၁၁) ဦးအနက် ခိုင်ပြည်သိမ်းက ဥက္ကဌတာဝန်ကိုလည်းကောင်း၊ ခိုင်စိုးနိုင်က အထွေထွေအတွင်းရေးမှူး တာဝန်ကို လည်းကောင်း၊ ခိုင်မိုးလင်းက စစ်ရေးတာဝန်ခံအဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြသည်။

ALP ၏ ပထမကြိုးပမ်းမှုကာလ (၁၉၆၇-၁၉၇၄) အတွင်းက ခေါင်းဆောင်များထဲက နောက်​တွင်​ ဥက္ကဌအဖြစ် တာဝန်ထန်း​ဆောင်​လာခဲ့ပါသည်​။

ALP ပါတီကို ပထမကြိုးပမ်းမှုကာလ (၁၉၆၇-၁၉၇၄) အတွင်းက ခေါင်းဆောင်များထဲက နောက်​တွင်​ ဥက္ကဌအဖြစ် ခိုင်မိုးလင်း​​​တာဝန်ထန်း​ဆောင်​လာခဲ့ပါသည်​။

၁၉၆၈-ခုနှစ် ဒီဇင်ဘာလတွင် ALP ခေါင်းဆောင်အများစု အဖမ်းခံရပြီး ပါတီ၏ နိုင်ငံရေး၊ စစ်ရေး နှင့် စည်းရုံးရေး လှုပ်ရှားမှု အားလုံးမှာ ရပ်ဆိုင်းသွားခဲ့သည်။
၁၉၇၂-ခုနှစ်တွင် ခိုင်မိုးလင်း ထောင်မှလွတ်လာသည်။
၁၉၇၃-ခုနှစ် နှစ်ဆန်းတွင် ခိုင်မိုးလင်းသည် KNU လွတ်မြောက်ေ​ရးပါတီရှိရာ နယ်မြေသို့သွားရောက်ပြီး ထိုနေရာတွင်ရှိနေသော ခိုင်ပြည်သိမ်းနှင့် အဆက်အသွယ်လုပ်ပြီး ပါတီနှင့် တပ်မတော်ကို ပြန်လည် အသက်သွင်းရန် ကြိုးစားသည်။

၁၉၇၄-ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၇၆ ခု ဇွန်လ (၅)ရက်​​နေ့တွင်​ အမှာစကား​​ပြောကြားယင်း
မှာတမ်း (၆) ချက်​မှာတမ်းခဲ့ပါသည်​။

၁။ ရခိုင်တစ်မျိုးသားလုံးတစ်မိတည်သားပမာချစ်ခင်ကာ ​တော်​လှန်​​ရေးကိုရ​အောင်ရပ်​တည်​လီကတ်​ပါ။

၂။ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ရခိုင်တပ်မတော်ကိုတည်ဆောက်ကတ်​ပါ။
၃။ရခိုင်ပြည်လွတ်မြောက်ရေးအတွက်ဘ၀တူ ဖိနှိပ်​ ချုပ်​ချယ်​ခံနိန်​ရ​ရေ ပြည်​သူနန့်​လက်​တွဲလီကတ်​ပါ။
၎။ရခိုင်ပြည်လွတ်လပ်ရေးသည်လက်နက်ကိုင်တိုက်ပွဲမှတပါးအခြားသောနည်းလမ်းမဟိမ့်​ပါ။

၅။ရခိုင်ပြည်လွတ်လပ်ရေးသည်ရခိုင်အမျိုးသားစည်းရုံးညီညွတ်ရေးတွင်တည်ဟိမ့်သည်။

၆။ရန်သူ့ ထံတွင်ဒူးထောက်လက်မြောက်ခြင်းသည်​ အဖိနိပ်ခံပြည်သူများအတွက် ခွင့်မလွတ်နိုင်သောရာဇ၀တ်မှူးကျူးလွန်ရာရောက်သည်။

၁၉၇၇-ခုနှစ် ဇွန်လ (၄) ရက်နေ့ မဏိပူရ မြစ်ကူးတိုက်ပွဲတွင် ခေါင်းဆောင် ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးသည်။



No comments:

Post a Comment