Wednesday, 10 August 2016

အာဇာနီ


အာဇာနီ
======

လေးရပ်ဝတီ
ရပ်ဌာနီမှ
ဇာနီအပေါင်း
သူရဲကောင်းရို့
ဇာတ်ပေါင်းဆုံကာ
ပြည်မျက်နှာကို
ထောက်ကာရှိရှု
ညီညွတ်မှုဖြင့်
ခေတ်ဦးတခေတ်
သမိုင်းသစ်ကို
မျိုးချစ်အားသန်
ဇာတိမာန်နှင့်
အောင်လံကိုထမ်း
လက်ဆင့်ကမ်းလီ
အာဇာနီ --။

ကမ္ဘာတခွင်
ရာဇ၀င်မှာ
ဂုဏ်အင်မြင့်မား
ရခိုင်သားဟု
ဘုရားဗျာဒိတ်
ပြည်ကြီးရိပ်၏
အတိတ်သမိုင်း
မမှုန်မှိုင်းခင်
အတိုင်းအဆ
နှိုင်းမရသော
အဖပြည်ကြီး
သမိုင်းကြွီးကို
အပြီးဆပ်လီ
အာဇာနီ --။

သွီးရင်းသားချင်း
ညီညွတ်ခြင်းဖြင့်
အောင်ခြင်းနမိတ်
အောင်ဘိသိက်နှင့်
အောင်ဟိတ်မင်္ဂလာ
မျိုးဝံသာ၏
မဟာအောင်ပွဲ
လွတ်လပ်ရေးလမ်း
ဗျာဒိတ်ပန်းကို
ဆင်မြန်းပါလီ
အာဇာနီ --။

အာဇာနီလောင်း
သူရဲကောင်းဟု
ဘွဲ့ဆောင်းသတ်မှတ်
ကမ္ပည်းတပ်ပျာယ်
မွန်မြတ်တန်းခွန်
မျိုးအောင်လံကို
တေးသံစုံညီ
တပ်ဦးချီလျှက်
ဝတီလေးရပ်
လက်ခေါင်းခတ်ပြီး
တိုင်းရပ်တခွင်
ဂုဏ်ပြုချင်ရေ
အယင်ဇာခါ လာဖို့လဲ --။ ။

ဆရာတော် (နာယက)

No comments:

Post a Comment