မင်းသားကြီးရွှီဘန်း သီတန်းစာရတု
====================
မင်းသားအမှန်၊ ငါလျှင်ကြံကနိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်းဘ၀ပြောင်းလိမ့် ---။ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့မှန်စွာမချွတ်၊ သူမသတ်လည်းမလွတ်တခါ၊ သီအံ့ရာတည်း ---။ကမ္ဘာတာရှည်၊ သူရို့သည်လည်းအတည်မစိုး၊ ငါမြီတိုးသော်အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။နောင်လာနောက်လူ၊ ရခိုင်သူရို့အယူမစောင်း၊ ငါ့လမ်းကြောင်းကိုကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကိုတခါမုက္ချ၊ ငါရို့ရအံ့ ---။လုံ့လရှိခံ၊ လိုလျှင်ကြံကနိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်စွဲမှတ်ဤစာသီတမ်းတည်း ---။ ။(မင်းသားကြီးရွှီဘန်း)

No comments:
Post a Comment