Wednesday, 10 August 2016

ရိုးမသစ်​ပင်​ ပိုင်​သျှင်​သို့

ရိုးမသစ်​ပင်​ ပိုင်​သျှင်​သို့
===============


အရိပ်​ကိုခို
အခက်​ကိုချိုး
အပင်​ခိုးဖို့
အမျိုးမျိုးကြံ
ကုလားရန်​ကတစ်​မျိုး။

အနုကိုခူး
အဖူးကိုဆွတ်
အပင်​ဖြတ်​ဖို့
အမျိုးမျိုးကြံ
အောက်​သာရန်​ကတစ်​မျိုး။

ရိုးမသစ်​ပင်
အသက်​ရှင်​ဖို့
ပိုင်​ရှင်​ငါရို့
မြီဖို့ရီ​လောင်း
ပေါင်းမြက်​ကိုခွတ်
ခြံတပ်​ကိုကာ
ညီညီညာညာပြုစု
စောင့််ယှောက်​မှု့ကို
ဂရုတစိုက်​လုပ်​ကတ်​​မေ။


ခိုင်​မင်းဇံ။

No comments:

Post a Comment