Thursday, 11 August 2016
ရခိုင်ပြည်နယ်သို့ မွတ်ဆလင်များ ၀င်ရောက်လာပုံ
ရခိုင်ပြည်နယ်သို့ မွတ်ဆလင်များ ၀င်ရောက်လာပုံ
==================================
(က)ရခိုင်​ပြည်​နယ်​၏ပထ၀ီအ​နေအထားနှင့်​ ​နောက်​ခံသမိုင်း
      မြန်​မာနိုင်​ငံ၏ပြည်​နယ်​တစ်​ခုဖြစ်​​သော ရခိုင်​ပြည်​နယ်​သည်​ ဧရိယာစတုရန်းမိုင်​​ပေါင်း ၁၄၂၀၀ ရှိသည်​။၂၀၀၈ ခုနှစ်​စာရင်းအရ လူဦး​ရေ ၃သန်းနီးပါး ရှိသည်​ကို​တွေ့ရသည်​။
          ဓည၀တီ (စစ်​​တွေခရိုင်)၊ ရမ္မ၀တီ ​(ကျောက်​ဖြူခရိုင်​)၊  ​မေဃ၀တီ (မာန်​​အောင်​ခရိုင်​) စသည့်​ ၀တီ​လေးရပ်​ဖြင့်​ ​ပေါင်းစည်းအပ်​​သော ရခိုင်​ပြည်​နယ်​တွင်​ ဓည၀တီ​ခေတ်​ ​ဝေသာလီ​ခေတ်​ ​မြောက်​ဦး​ခေတ်​ ဟူ၍​ခေတ်​​လေး​ခေတ်​ ထွန်းကားခဲ့သသည်​။ ရခိုင်​သမိုင်းမှတ်​တမ်းများအရ ဓည၀တီ​ခေတ်​သည်​ ဘီစီ ၃၂၅မှ ​အေဒီ ၃၂၇ အထိကြာရှည်​ခဲ့သည်​။အ​ထောက်​အထားအဖြစ်​ ဓည၀တီမြို့​ဟောင်း၏ မြို့ရိုးများ ၊နန်းရာများကို ယ​နေ့နိုင်​ တူး​ဖော်​​တွေ့ရှိ​နေရခြင်းဖြစ်​သည်​။ဓည၀တီသည်​ ပထမ ဓည၀တီ ၊ဒုတိယ ဓည၀တီ ၊တတိယ ဓည၀တီ ဟူ၍ထွန်းကားခဲ့ရာ ဘီစီ ၅၈၀တွင်​နန်းတတ်​​သော စန္စသူရိယမင်းသည် တတိယ ဓည၀တီကို တည်​ထောင်​၍မြို့​တော်​ကို ​​တောက်​တင်းခိုင်​မာ​အောင်​ ပြုလုပ်​ပြီး သူရိယ မင်းဆက်​ကို တည်​​ထောင်​ခဲ့သည်​။ ဓည၀တီမြို့သည်​ ​အေဒီ ၃၂၇ အထိ မြို့​တော်​အဖြစ်​ဆက်​လက်​တည်​ရှိခဲ့ရာ ​နောက်​ဆုံးမင်းမှာ သူရိယ​ကေတု ဖြစ်​သည်​။ထိုးမင်းလက်​ထက်​တွင်​ ​ဝေသာလီ အရပ်​သို့​ပြောင်း​ရွှေ့ခဲ့ရသည်​။
(ခ) မြောက်ဦးခေတ် မွတ်ဆလင်များ ၀င်ရောက်လာပုံ
         ရခိုင်သမိုင်းတွင် မြောက်ပြီးခေတ်သည် နောက်ဆုံး ပဒေသရဇ်ခေတ် ဖြစ်ပြီး အေဒီ 1430 မှ အေဒီ 1785 အထိ အုပ်ချုပ်ခဲ့သည်။အင်အားကြီး ရခိုင်မင်းများလက်ထက်တွင် ဘင်္ဂေါ 12 နယ် အထိ သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ရာ စစ်တကောင်းသည်  1666 ခုနှစ်တွင် မဂိုတို့ မသိမ်းပိုက်မှီအချိန်အထိ ရခိုင်ဘုရင်များ ပိုင်နက် ထဲတွင် ရှိခဲ့သည်။ထို့ကြောင့် မြောက်ဦးခေတ်အစောပိုင်း မင်းများသည် ဘင်္ဂါနယ်ကို ပိုင်ဆိုင်ထားသဖြင့် ဘုရင်ဘွဲ့ကို
မြန်မာဘွဲအပြင်  မွတ်ဆလင် ဘွဲ့အမည်ကိုပါခံယူခဲ့ကြသည်။တနည်းအားဖြင့် မွတ်ဆလင်ဘွဲ့အမည်မသုံးပြုခြင်းဖြင့် သိမ်းပိုက်ထားသော ဘင်္ဂါနယ်ပယ်၏ ယုံကြည်မှူကို ရယူနိုင်ရန် စည်းရုံးရေး အသွင်ဆောင်သည် သဘောသာဖြစ်သည်။ထို့ အတူ မိမိတို့ သိမ်းပိုက်ထားသော နယ်ပယ်၏ ယုံကြည်မှူကိုရယူနိုင်ရန်  ဒင်္ဂါးတွင် ရခိုင်ဘုရင်း တို့၏ ဘွဲ့နာမည်သာမက မွတ်ဆလင် ဘွဲ့အမည်ကိုပါ ထည့်သွင်းသွန်းလုပ်လေ့ရှိသည်။ဒင်္ဂါးသွင်းလုပ်သည့် ဘုရင်တိုင်းသည် စစ်တကောင်း (ထိုဒေသ ကို စစ်နိုင်သော ဘုရင်များသာ ဖြစ်သည်ကိုတွေ့ရသဖြင့် မိမိအုပ်ချုပ်သော ဒေသကို သြဇာ လွှမ်းမိုး လို သည့် သဘောဖြစ်သည်ကို တွေ့ရသည်။ ပါမောက္ခဆာရာဂျူဒင်က ရေးသားထားသည်မှာ ရခိုင်ဘုရင်းမင်းစောမွန် ဘင်္ဂါသို့ ထွက်ပြေးခိုလှုံသည်ဟူသော အထောက်အထားများ ဘင်္ဒါ သမိုင်းတွင်မရှိကြောင်း၊ရခိုင်ဘုရင်းများ က မွတ်ဆလင် စာပေယဉ်ကျေးမှုကို အားပေးလက်ခံသည်ဆိုသည်မှာလည်း ခိုင်မာသည့် အထောက်အထား မရှိကြောင်းရေးသားခဲ့သည်။ထို့အပြင် ရခိုင်ဘုရင်းအချို့ မွတ်ဆလင် ဘွဲ့ခံခြင်း၊ဒင်္ဂါးတွင် နာမည်ကို အာရဗျစာ ဖြင့် ရေးသားခြင်းရှိသည်ဆိုသော်လည်မင်းစောမွန်ကို ဆက်ခံသော ဘုရင်းများသည် အေဒီ 1430 မှ ရခိုင် ကို ဗဒုံးမင်း တိုက်ခိုက်သီမ်းပိုက်ပြီးသည့် အေဒီ1784 အထိ မည်သူမျှ မွတ်ဖလင်း မဟုတ်ကြောင်း၊ရခိုင်တွင် ဘုရင် 48 ဦးနန်းတတ်ခဲ့ပြီး 9 သီးသား မွတ်ဆလင်အမည်ဖြင့် ဒင်္ဂါးသွန်းလုပ်ခဲ့ပြီး၊ထို မင်း9သီးသည် စစ်တကောင်းနယ်ကို သိမ်းပိုက်အောင်မြင်သော ဘုရင်းများဖြစ်ငဖြင့် လက်အောက်ခံဒေသရှိ ပြည်သူတို့၏ ကြည်ညိုမှူကို ရရှိအောယင် ဆောင်ရွက်ခြင်းသား ဖြစ်နိုင်ကြောင်း ထောက်ပြရေးသားခဲ့သည်။
                    ရခိုင် ဘုရင်လက်အောက်တွင် ရှိစဉ်က သုံးပန်းအဖြစ် ဖမ်းဆီးခေါ်ယူလာသော မွတ်ဆလင်များကို လယ်ယာလုပ်ငန်းတွင်လည်းကောင်း၊အခြားအမှူထမ်းလုပ်ငန်းများတွင်လည်းကောင်း ၊ခိုင်းစေခြင်းဖြင့် ၊ ဘင်္ဂါနယ်မှ အခြေချနေထိုင်လာသော မွတ်ဆလင်များ သည် ရခိုင်ဒေသ တွင် 15 ရာစု တွင် စတင်ဝင်ေ၇ာက်လာခဲ့ကြသည်။17 ရာစုတွင် ပေါ်တူဂီနှင့် ရခိုင်ဘုရင်တို့ ကျွန်းအရောင်းအ၀ယ် လုပ်ကိုင်ကြသဖြင့် ကျွန်းဈေးကွက်တါင် ဖမ်းဆီးရောင်းချခံရသော ဘင်္ဂါနယ်မှ မွတ်ဆလင်များရှိခဲ့ရာ ၊ထိုကျွန်းများကို လယ်ယာ လုပ်ငန်းတွင်လည်းကောင်း၊လက်မှူလုပ်ငန်းများတွင်လည်းကောင်း၊အသုံးပြုခြင်းဖြင့် ရခိုင်ဒေသသို့ မွတ်ဆလင်တချို့ စတင်ေ၇ာက်ရှိလာခဲ့ကြသည်ဟုဆိုကြသည်။ရခိုင်သို့ ရောက်ရှိလာသော မွတ်ဆလင်များသည် စစ်အတွင်း ရခိုင်ဗမာများ ဖမ်းလာသော ကျွန်းများမှ ဆင်းသက်လာသူများသာဖြစ်သည်။
(ဂ)ဗြိတိလျှကိုလိုနီခေတ် ဘင်္ဂါလီမွတ်ဆလင် အများအပြားဝင်ရောက်လာပုံ
                       1785 ခုနှစ်တွင် ဗဒုံမင်းက ရခိုင်ပဒေသရာဇ်နယ်ကို သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်တို့သိမ်းပိုက်ထားသော ဘင်္ဂပါနယ်နှင့် ဆက်စပ်လာရာ အင်္ဂလိပ်-မြန်မာဆက်ဆံရေးမှာ တင်းမာမှူများဖြစ်ပွားလာခဲ့သည်။1824 တွင် ရှင်မဖြူကျွန်းကို အကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာ ကထမ စစ်ဖြစ်ပွားခဲ့ရာ ရန္တပို စာချုပ်ဖြင့် စစ်ရပ်စဲခဲ့ရသည်။ထိုစာချုပ်အရ ရခိုင်နှင့်တနသာင်္ရီ သည် အင်္ဂလိပ်တို့လက်အောက်သို့ ရောက်သွားခဲ့ရာ ရခိုင်သည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီးဖြစ်သော ဘင်္ဂါးနယ်များနှင့် တစ်ပေါင်းတည်း တည်ရှိလာခဲ့သည်။ရခိုင်ကို အဂီလိပ်တို့ သိမ်းပိုက်ပြီးနောက်  ပထမ ပိုင်းတွင် စီးပွားရေး အရ အကျိုးမမြတ် မရှိသဖြင့် ဘင်္ဂါးဘုရင်ခံ၏ အုပ်ချုပ်မှူအောက်တွင်ထားခဲ့သည်။မောင်တောမြို့နယ်၊ဘူးသီးတောင်မြို့နယ်တို့သည် ကျယ်ပြန့်ပြီး မြေသြဇာကောင်းသည့် မြစ်ဝမ်းလွင်ပြင်ကို ပိုင်ဆိုင်ထားရာ မောင်တောမြိုက တစ်ခုထဲပင် စိုက်ပျိုးမြေဧက (၈၀၀၀)ကျော်ရှိခဲ့သည်။ထိုစဉ်က လူဦးရေမှာ ၆၅၄၈၇ ရှိပြီး တိုင်း၇င်းသားများဖြစ်သော ရခိုင်၊သက်၊ဒိုင်းနက်၊မြို၊ခမွီး တို့နေထိုင်းသော ကျေးရွာပေါင်း (၁၇၂)ရွာရှိခဲ့သည်။ယင်းထို့၏ စီးပွားရေးပုံစံသည် ၀မ်းစားစီးပွားရေးစနစ်မှာပင် တည်ရှိခဲ့သည်။
                 1839 ခုနှစ်တွင် မြေရိုင်းများတိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီါ် ဥပဒေ တစ်ရပ်ထုပ်ပြန်ခဲ့ရာ ထိုဥပဒေ အရ ချမှတ်ထားသည့် နယ်မြေအမြောက်အမြားပေါ်ထွက်လာခဲ့သည်။မြေပိုင်ရှင်များအနေဖြင့် မြေအများအပြား ပိုင်ဆိုင်လာငဖြင့် အလုပ်သမား အများအပြားလိုအပ်လာရာ စစ်တကောင်းမှ ဘင်္ဂါလီများ၊မဒရပ်မှ ဆူရတီးများ အများအပြားဝင်ရောက်လာသည်။၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖောက်လုပ်ပြီးနောက် ဆန်စပါးလုပ်ငန်းတိုးတတ်လာရာ အုပ်ချုပ်သူ အင်္ဂလိပ်ကိုလိုနီ အစိုးရအနေဖြင့် ပတ်တာဂရံ စနစ်(ဂရံကြီးစနစ်)ဖြင့် တိုင်းရင်းသားနှင့်နိုင်ငံခြားသား အရင်းရှင်များအား မြေလွတ်မြေရိုင်း များတိုးချဲ့ လုပ်ကိုင်ခွင့်ပေးခဲ့သဖြင့် သုံးနှစ်အတွင်း အစိုးရသို့ မြေအခွန်မပေးရန်မလိုကြောင်း၊သတ်မှတ်ပေးခဲ့ သဖြင့် တိုင်းရင်းသားနှင့် နိုင်ငံခြားသား အရင်းရှင်များသည် မြေဧက (၃၀၀၀)အထိ တိုးချဲ့ စိုက်ပျိုးလာခဲ့သည်။ထို့ကြောင့် အင်္ဂလိပ် ပိုင်နက်ဖြစ်သော  ဘဂ်ါးနယ်မှ စစ်တကောင်း မွတ်ဆလင်နှင့် ဘင်္ဂါလီ များ သည် ဗြိတ်လျှတို့၏ စီးပွားရေး မူဝါဒ အရ လယ်ယာ လုပ်ငန်းလုပ်ကိုင်ရန်  ရခိုင်ဒေသ အတွင်း သိုက အလုံးအရင်းဖြင့် ၀င်ရောက်လာခဲ့ကြသည်..။
                    ယခင်က လူနည်းစုမျှသာ နေထိုင်သော စစ်တွေခရိုင်တွင် နောက် ပိုင်းတွင် လူဦးရေး အများအပြား တိုးတတ်လာသည်ကိုတွေ့ရသည်။၁၈၇၂ ခုနှစ် သန်းခေါင်းစာရင်းအရ စစ်တွေခရိုင်တွင် မွတ်ဆလင်ဦးရေ (၅၈၂၃၅)ရှိရာမှ ၁၉၀၁ ခုနှစ်တွင် သန်ခေါင်းစာရင်းအရ (၁၇၈၆၄၂)အထိရှိလားခဲ့သည်။အစပိုင်းတွင် စပါးစိုက်ပျိုးရာသီ၊ရိတ်သိမ်းရာသီ၊တို့တွင်သာ လာရောက်လုပ်ကိုင်ပြန်သွားကြသော်လည်း  နောက်ပိုင်းတွင် အခြေချနေထိုင်လာကြသည်။ထို့ကြောင့် လူဦးရေးစာရင်း အလျင်အမြန်တိုးတတ်လာခဲ့သော အခြေအနေကိုတွေ့ရသည်။ဘင်္ဂါဒေသတွင် လူဦးရေများပြားပြီး လုပ်ကိုင်စားသောက်ရန် မြေနေရာ နည်းပါးသဖြင့် မြန်မာနိုင်ငံအတွင်း ရခိုင်ဒေသသို့ တဖြည်းဖြည်း တိုးဝင်လာမှူသည် ကိုလိုနီခေတ်တွင် အများဆုံးဖြစ်သည်။ပြည်သူ့ကျန်းမားရေးဝန်၏ ၁၉၃၀ -၃၁ အစီရင်ခံစား အရ သာမန်အားဖြင့် တစ်နှစ်လျှင် စစ်တကောင်းကူလီပေါင်း ၄၀၀၀၀ ကျော်ဝင်လေ့ရှိကြောင်း၊၁၉၃၁ သန်းခေါင်းစားရင်းအရ စစ်တွေ ခရိုင်တွင်း အိန္စိာ ယောင်္ကျာပေါင်း ၂၅၀၀၀၀ ကျော်ရှိကြောင်းသိရသည်။ စစ်တွေ တွင်နေထိုင်သော အိန္စိယ သားများအနက်  ၈၈ % မှာ စစ်တကောင်းသားများဖြစ်သည်။
      ၁၉၃၄ တွင် ရခိုင်ဒေသသို့ ၀င်ေ၇ာက်လာသော စစ်တကောင်းကုလား ဦးရေမှာ ၂၀၀၀၀ ဖြစ်သည်။မောင်တော မြိုကနယ်တွင် ၁၉၂၁ ခုနှစ်က လူဦးရေးစာရင်းအရ ဘင်္ဂါနယ်မှ မွတ်ဆလင် ၆၈၀၃ ယောက် ရှိပြီး တိုင်းရင်းသားမှာ  ၂၂၆၀၆ သာရှိခဲ့သည်။ခုနှစ်အလိုက် မွတ်ဆလင်တိုးပွားလာပုံမှာ..
            ခုနှစ်                  လူဦးရေ
           ၁၉၂၁                 ၆၈၀၃၅
           ၁၉၃၁                 ၁၀၄၃၀၈
          ၁၉၄၁-၄၂               ၁၂၄၄၅၂
          ၁၉၅၆                  ၁၈၇၇၉၂
          ၁၉၇၈                  ၂၃၅၀၆၇
          ၁၉၈၁                  ၂၄၁၉၉၃
          ၁၉၈၆                  ၂၆၄၅၀၇
ဖြစ်သည်ကိုတွေ့ရသည်။
               မောင်တောမြို့နယ် တစ်ခုတည်းမှာပင် ၁၉၈၆ ခုနှစ်လူဦးရေသည် ၁၉၂၁ ခု နှစ်က လူဦးရေးထက် နှစ်သိန်းနီးပါးမျှ တိုးတတ်လာသည်ကိုတွေ့ရသည်။သို့ရာတွင် တိုင်း၇င်းသား ဦးရေသည် ကိုလိုနီခေတ် က ၂၇% ရှိရာမှ ပါလှမန်ခေတ်တွင် ၃ % အထိကျဆင်းသွားသည်။တိုင်းရင်းသားတို့သည် မွတ်ဆလင်တို့၏ ငြိမ်းခြောက်မှူကြောင့် တဖြည်းဖြည်း ယုတ်ယျော့ခာသည်ကိုတွေ့ရသည်။မောင်တောမြိုကနယ် တစ်ခုတည်းမှာပင် ကျေးရွာပေါင်း ၉၈ ရွာသည် စစ်အပြီးတွင် ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့ချေ။ ဘူးသီးတောင်မြိုကနယ်တွင် ဒုတိယ ကမ္ဘာစစ်အထိ မွတ်ဆလင်ရွာပေါင်း (၇၅)ရွာ ရှိခဲ့ပြီး ယခုအခါ မွတ်ဆလင်ရွာ (၁၃၈)ထိရှိလာသည်ကိုတွေ့ရသည်။
ဘူးသီးတောင်မြို့တွင် ၁၉၄၂ ခုနှစ်အထိ မွတ်ဆလင်အိမ်(၁၇)အိမ်သာရှိပြီး လူဦးရေးအားဖြင့် ၁၀၀ ကျော်သာရှိခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ဦးရေ  ၂၈၀၀၀၀ ကျော်ရှိလာခဲ့ပြီး ၊ရခိုင်ဦးရေမှာ ၅၁၀၀၀ ကျော်သာရှိတော့သည်ကိုတွေ့ရသည်။
ထိုသို့ စစ်တကောင်းကုလားများ အများအပြားဝင်လာခြင်းသည် ၁၉၃၇ ခွဲရေးတွဲရေး၊နိုင်ငံရေးအပြောင်းအလည်းကြောင့်ဖြစ်သည်ဟု သိရသည်။၁၉၃၅ ခုနှစ်မြန်မာနိုင်ငံ အင် ဥပဒေ အရ မြန်မာနိုင်ငံ ကို အိန္စိယမှ ခွဲထွက်ရန် ဆုံးဖြတ်ချက်အရ အိန္စိယမှ ခေါင်းဆောင် ဆာကာနှင့် မြန်မာနိုင်ငံ အစိုးရဘက်မှ ဂဠန်ဦးစော တိုက လူဝင်လူထွက် စာချုပ်တစ်ခုကို ကြိုတင်ချုပ်ဆိုခဲ့ကြသည်၊ထိုဥပဒေအရ ဖြစ်လာမည့် မြန်မာနိုင်ငံ လူဝင်လူထွက် ဥပဒေများအရ လိုက်နာဆောင်ရွက်ခြင်းများကို စာချုပ်ချုပ်ဆိုသောနေ့မှ စ သုံးနှစ်အတွင်းရပ်တန့်ထား၇န်ပါရှိသည်။အဆိုပါ ခွဲထွက်ရေးကို စတင်ဆွေးနွေးလိုက်သည်နှင့် စစ်တကောင်းဘက်မှ ကုလားများနောင်တွင် အခွင့်အရေးမ၇တော့မည်ကို စိုးရိမ်ကာ အလုံးအရင်းဖြင့် ၀င်ရောက်လာကြရာ မောင်တောနှင့် ဘူးသီးတောင် တစ်လျှောက် လမ်းများပေါ်တွင် ၀င်လာသည် ကုလားများ မြင်မကောင်းအောင် များပြားလှသည်ဟု ဆို၏။ဦးစော-ဆာကာ စာချုပ်ကို အကာကွယ်ယူကာ အမြဲတမ်းနေထိုင်ရန်ရည်ရွယ်ချက်ဖြင့် သုံးနှစ်သုံးမိုးကာလအတွင်း အများမပြားဝင်လာရာ ရှိရင်းရွားများထက် နှစ်ဆ ၊သုံးဆ ပိုမိုများပြားလာပြီး အိမ်ခြေနည်းပါးသော ရခိုင်ရွာတွင်ပါ ၀င်ရောက်နေထိုင်လာကြသည်ကိုတွေ့၇သည်။စစ်တကောင်းသားများ ၀င်ေ၇ာက်လာမှူကိုစိုးရိမ်ရသေည့် အခြေအနေတွင်  ဒုတ်ယ ကမ္ဘယ စစ် စတင်လာသဖြင့် မည်သို့မှ အကောင်အထည်မဖော်နိုင်ခဲ့ချေ။
မျက်မှောက်ခေတ် နိုင်ငံတကားဆက်ဆံရေးနှင့်မြန်မာနိုင်ငံ  သူတေသနစာတမ်းဖတ်ပွဲ ကောက်နိုတ်ချက်မှ။
No comments:
Post a Comment