ရခိုင်ပြည် အမျိုးသားရေး ၀ါဒ
===================
မာတိကာ
၁။ နိဒါန်း
၂။ အမျိုးသားရေးဝါဒ
၃။ အမျိုးသား
၎။ အမျိုးသားရေးဝါဒ၏ အကျိုးကျေးဇူးများ
၅။ အမျိုးသားရေးဝါဒ၏ ပဋိပက္ခများ
၆။ အမျိုးသားရေး ရည်မှန်းချက်များ
၇။ အမျိုးသားရေး တာဝန်များ
၈။ အမျိုးသားရေး ရန်သူများ
၉။ အမျိုးသား အခွင့်အရေး
၁၀။ နိဂုံး
နိဒါန်း
ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ကြ၏။ ထိုတိုက်ပွဲများကို
ဆန်းစစ်လျှင် ပဋ္ဌမအစဦးတွင် မင်းလောင်း၊ မင်းကောင်း ဖြစ်ပေါ်ရေးအတွက်
ပဒေသရာဇ်တော်လှန်ရေးဖြစ်ခဲ့၏။ ယင်းနောက်တွင် ကမ္ဘာ့တော် လှန်ရေးရာသီဥတု ပြောင်းလဲမှုကြောင့် လက်ဝဲ ယိမ်းတော်လှန်ရေး ဖြစ်လာခဲ့၏။
၁၉၆၂ ခု၊ နောက်ပိုင်းတွင်ကား အမျိုးသားတော်လှန်ရေး ကြွေးကြော်သံသည်
တစတစ အထွဋ်အထိပ်သို့ရောက်လာ၏။ လက်ဝဲယိမ်းတော်လှန်ရေးကာလ
တွင် အမျိုးသား တော်လှန်ရေးကို ကျဉ်းမြောင်းသော အမျိုးသားရေးအဖြစ်၎င်း၊ အခြားသော ဖေါက်ပြန်ရေးများအဖြစ်၎င်း ဆိုင်းဘုတ် အမျိုး မျိုးတပ်ကာ တော်လှန်ရေး မဟုတ်သယောင်လည်း ဆိုခဲ့ကြ၏။ မည်သို့ ပင်ဆိုစေ ယနေ့ ကာလသည် အမျိုးသား တော် လှန်ရေး အထွဋ်အထိပ်သို့ ရောက်လာသည်ကား
အမှန်ပင်ဖြစ်၏။
သို့ရာတွင် ကျွန်ုပ်တို့အပါအ၀င် ထိုထိုသောရခိုင်အမျိုးသားတော်လှန်ရေးပါတီများ အမျိုးသားရေး ၀ါဒီဆိုသူများကို လေ့လာကြည့်သော် အမျိုးသားရေးဝါဒီ
ဆိုသည်မှာ ဤသို့ဤပုံ ဖြစ်သည်ဟု အတိအကျဖေါ်ပြနိုင်သည်ကို မတွေ့ရပေ။
ယင်း သည် အမျိုးသားတော်လှန်ရေးတွင် ဧရာမ ဟာကွက်ကြီးတခု ဖြစ်လျှက်
ရှိသည်ကိုတွေ့ရ၏။ ယင်းကြောင်း ရခိုင်ပြည် အမျိုးသားမဟာဗျူဟာ လေ့လာ
ရေးနှင့် လေ့ကျင့်ရေးဌါနသည် အမျိုးသားရေး တာဝန်တရပ်ကို ထမ်းဆောင်
သည့် အနေဖြင့် အမျိုးသားရေး ၀ါဒဆိုသည်ကို ဖေါ်ပြရန် ကြိုးစားရခြင်း ဖြစ်
ပါသည်။
ထိုသို့ကြိုးစားရာတွင် ကျွန်ုပ်တို့သည် လက်နက်ကိုင် နယ်ပါယ်အတွင်း ကျင်
လည်ခဲ့ကြသူမျာြး ဖစ်သဖြင့် စာပေအားနည်း ချက်ရှိသည်က တကြောင်း၊
တနယ်ရပ်ခြားတွင် ၀မ်းရေးအတွက် အပမ်းတကြီး လုံးပန်းနေရသည်က
တကြောင်း အကိုး အကားအထောက်အထား၊ လက်လှမ်းမမှီသည်က တ
ကြောင်း စသည်အကြောင်းတရားများကြောင့် ခက်ခဲ့စွာပြုစုခဲ့ရ ပေသည်။
အလွန်ရင်နာစရာကောင်းသည့်အချက်မှာ အမျိုးသားတော်လှန်ရေးကြွေးကြော်သံဖြင့် နှစ်ပေါင်းများစွာ တော်လှန်ရေး လုပ်လာသူတချို့ပင်လျှင် မိမိကိုင်စွဲသောအမျိုးသားရေးဝါဒဆိုသည်မှာ ဤသို့ဖြစ်သည်ဟု သိလျက်နှင့် ဖေါ်ပြရန်မ၀ံ့ခြင်း
ဖြစ်သည်။ ဆိုလိုသည်မှာ မိမိ၏၀ါဒ၊ မိမိကိုင်စွဲသောဝါဒကို မှန်သည်ဟုသိ
လျက်နှင့်ပင် မိမိအကျိုး၊ မိမိတို့ပါတီ အဖွဲ့ အစည်း၏ အကျိုးယုတ်မည်ဟုထင်
လျက် ဖေါ်ပြရန် မ၀ံ့ရဲခြင်းဖြစ်သည်။
အထက်ကဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့က အမျိုးသားရေးဝါဒကို ဤသို့ဤပုံဖြစ်
သည်ဟု ပုံဖေါ်ညွှန်းပြရန် ကြိုးစားသော၊ ဤ စာတမ်းသည် ကျွန်ုပ်တို့၏ အား
နည်းချက်၊ ချွတ်ယွင်းချက်များကြောင်း မပြည့်စုံမှု၊ မလုံလောက်မှုများရှိနေလျှင် အကြင် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်တို့သည် ကျွန်ုပ်တို့အား ဆွေးနွေးဝေဖန်၊ အကြံပြု
ဖြည့်စွက်၊ ပြင်ဆင်ရန်၊ အမျိုးသားရေး မျက်နှာကို ထောက်ရှုလျက် တည့်မတ်
ပေး သင့်ပါကြောင်း။
အခဏ်း (၁)
အမျိုးသားရေးဝါဒ
(က) အမျိုးသားရေး ၀ါဒသည် -
ခေတ်သစ်ကမ္ဘာ၏ စံပြ ၀ါဒဖြစ်သည်။
ခေတ်သစ်ကမ္ဘာ၏ အဓိက ၀ါဒလည်းဖြစ်သည်။
(ခ ) အမျိုးသားရေး ၀ါဒသည် -
လူမျိုးတမျိုး၏ အင်အားဖြစ်သကဲ့သို့ တိုင်းနိုင်ငံတခု၏ အင်အားလည်းဖြစ်သည်။ ခေတ်သစ်ကမ္ဘာ၏ အင်အား သည်ပင် အမျိုး သားရေး ၀ါဒကြောင်း ဖြစ်ပေါ်သည်။
(ဂ ) အမျိုးသားရေး ၀ါဒသည်
၁၇၈၉ ခုနှစ် - ပြင်သစ်တော်လှန်ရေးမှ အစပြုကာ ထွန်းပလာခဲ့သည်ဟု
ပါမောက္ခ ဟန် (့စ)က ဆို၏။
(ဃ) အမျိုးသားရေး ၀ါဒတွင် -
အမျိုးသားရေးဆိုသော စကားစုနှင့် ၀ါဒဆိုသော စကားများ ပါဝင်သည်။ အမျိုးသားရေး ဆိုရာတွင် လူမျိုး တမျိုးမျိုးသည် မုချရှိနေခြင်း၊ ထိုလူမျိုး၏ အရေးအရာ ကိစ္စ အ၀၀သည် အမျိုးသားရေးဖြစ်၏။
ထို့ကြောင်း ရခိုင်ပြည်အမျိုးသားရေးဝါဒ ဆိုရာ၌လည်း ရခိုင်ပြည်ရှိလူမျိုးများနှင့် ၎င်းတို့အရေးကိစ္စသည် မုချ ပါဝင်ပေ၏။
ဝါဒဆိုရာ၌ကား လူမျိုးရှိနေလျင် ထိုလူမျိုးတို့တွင် ၀ါဒတရပ်ရပ်သည်လည်း မုချရှိနေပေ၏။ ထိုဝါဒသည်ပင် အမျိုးသားရေး ၀ါဒ ဖြစ်၏။
(င ) ခေတ်သစ်ကမ္ဘာ၏ မြေပုံပြောင်းလဲမှု (သို့) နိုင်ငံသစ်များ ပေါ်ထွန်းမှုသည်၊
အမျိုးသားရေး ၀ါဒ ကြောင့်ပင်ဖြစ်၏။
(စ) ရခိုင်ပြည်အမျိုးသား ၀ါဒ ဆိုရာ၌ မူ
- ရခိုင်ပြည်ဟူသည်လည်းကောင်း
- အမျိုးသားရေး ၀ါဒဟူသည်လည်းကောင်း အခြေခံတရား (၃)ရပ် ပါဝင်နေပေသည်။
(၁) ရခိုင်ဆိုသည်မှာ - ၀တီလေးရပ်နေ ရခိုင်သားများ၊ အနိုင်နိုင်ငံရောက် ရခိုင်သားများနှင့် ရခိုင်မိဘ နှစ်ပါးမှမွေးဖွားသူများဖြစ်ကြသည်။
(၂) ရခိုင့်အမျိုးသားရေး ၀ါဒဟုဆိုလျှင် ရခိုင်လူမျိုးတို့၏ လူမျိုးရေးကိုအခြေခံ
သော ၀ါဒဖြစ်သည်။
(၃) ရခိုင်ပြည်အမျိုးသားရေး ၀ါဒဟုဆိုလျှင် - ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်
ကြသော မြို၊ ဒိုင်းနက်၊ လင်းကဲ၊ ခူမီး၊ မြို၊ သက် အပါအ၀င် လူမျိုးစုအသီးသီးပါဝင်သော တနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး ၀ါဒဖြစ်၏။
ယင်းကြောင်း ကျွန်ုပ်တို့သည် ရခိုင်ပြည်လုံးဆိုင်ရာ အမျိုးသားရေး ၀ါဒဖြစ်သော ရခိုင်ပြည် အမျိုးသား ရေးဝါဒကိုသာ အဓိက ဖွဲ့ဆိုပေမည်။ သို့ရာတွင် နိုင်ငံတကာ အမျိုးသားရေးဝါဒကိုလည်းကောင်း၊ ရခိုင့် အမျိုးသားဝါဒကို၎င်း အထိုက်အလျှောက်လည်း ဖေါ်ပြမည်ဖြစ်ပါသည်။
(ဆ) တနည်းအားဖြင့်ပြောရပါမူ ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြကုန်သော လူမျိုး အသီးသီးအနက် ရက္ခိုင်လူမျိုး သည်သာလျှင် အဓိကနှင့်ပဓါနကျသည့် လူမျိုးအစုအဝေး ဖြစ်သဖြင့် ရခိုင့်အမျိုးသား ရေးဝါဒသည်ပင် ရခိုင်ပြည်အမျိုးသား
ရေးဝါဒဟု ဆိုလျှင်လည်း သင့်မြတ်၏။
(ဇ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသားတရပ်အဖြစ် အသိအမှတ်ပြု ခံရလိုမူဖြစ်သည်။
(ဈ) အမျိုးသားရေး ၀ါဒသည် -
နိုင်ငံချစ်စိတ်ဖြစ်သည်။
(ည) အမျိုးသားရေး ၀ါဒသည် -
အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေး ဖြစ်သည်။
(ဋ) အမျိုးသားရေး ၀ါဒသည် -
လူမျိုးဂုဏ်သိက္ခာ မြင့်မားရေးဖြစ်သည်။
(ဌ) အမျိုးသားရေး ၀ါဒသည် -
မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
( ဍ) အမျိုးသားရေး ၀ါဒသည် -
ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ ထိမ်းသိမ်းရေး ဖြစ်သည်။
(ဎ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသားတိုင်းပြည် ထူထောင်ရေး ဖြစ်သည်။
(ဏ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်။
(တ) အမျိုးသားရေး ၀ါဒသည် -
အမျိုးသားညီညွတ်ရေး ဖြစ်သည်။
(ထ) အမျိုးသားရေး ၀ါဒသည် -
ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ရလိုမှုဖြစ်သည်။
(ဒ )အမျိုးသားရေး ၀ါဒသည် -
အမျိုးသား ရန်သူများကို တိုက်ခိုက်ရန် ဖြစ်သည်။
ဒုတိယပိုင်း ဆက်ရန်
စိုးလင်းထွန်း (ရခိုင်ပြည် အမျိုးသား မဟာဗျူဟာ လေ့လာရေးနန့် လေ့ကျင့်ရေး
ဌါနမှ မူပိုင်ဖြန့်ဝေသည်)

No comments:
Post a Comment