Saturday, 23 July 2016

ရခိုင်​ပြည်​ အမျိုးသား​ရေး ဝါဒ (အပိုင်း ၂)

ရခိုင်ပြည် အမျိုးသားရေးဝါဒ (အပိုင်း ၂)
=========================
အခဏ်း (၂)
အမျိုးသား
အမျိုးသားရေးဝါဒများကို အကောင်အထည်ဖေါ်ရန်အတွက် အမျိုးသားတရပ်
သည် မုချရှိရမည်။ အမျိုးသား တရပ် ဖြစ်ပေါ်ရန် အတွက်မူ-
(က) နယ်မြေ၊ နယ်နမိတ်တခုအတွင်း စုစည်းနေထိုင်ခြင်း၊
(ခ) တူညီသောသွေးချင်း အမျိးဆက်နွယ်မှုရှိခြင်း၊
(ဂ) ဘာသာ၊ စကား၊ ယဉ်ကျေးမှု ဆက်နွယ်မှုရှိခြင်း၊
(ဃ) တူညီ၊ နီးစပ်သော၊ ကိုးကွယ်မှု ဆက်နွယ်ခြင်း၊
(င) တူညီသော သမိုင်းနောက်ကြောင်းများ ရှိခြင်း၊
(စ) တူညီ နီးစပ်သော စီးပွားရေးရှိခြင်း၊
(ဆ) တူညီ နီးစပ်သော အုပ်ချုပ်ရေးစနစ်တခုကို လိုလားခြင်း၊
(ဇ ) တူညီသော စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်မှုရှိခြင်း။
စသည့် အမျိုးသားရေးလက္ခဏာ တရပ်များနှင့်ပြည့်စုံရန်လိုအပ်ပေသည်။
(က) နယ်မြေ၊ နယ်နမိတ် တခုအတွင်း စုစည်းနေထိုင်ခြင်း၊
(ခ) တူညီသော သွေးချင်း အမျိုးဆက်နွယ်မှုရှိခြင်း။
ရခိုင်တို့သည် ကုလားတန်၊ လေးမြို့မြစ်ဝှမ်းသို့ ၀င်ရောက်ပြီး တိုင်းပြည်နိုင်ငံ
ထူထောင်ခဲ့သည်မှာ မာရ်ယုမင်း BC 3325 ကပင်ဖြစ်သည်။ ဤနယ်မြေသို့ ၀င်ရောက်လာမှုသည် သမိုင်းပညာရှင်များ၏ အဆိုအရ မွန်ဂိုလွိုက်များ အင်ဒို-အရိယံများ၊ တိဗက်တိုဘာမင်းများ၊ အသုတ်သုတ်ဝင်ရောက် သွေးနှောမှုရှိ
သည်ဆိုစေကာမူ သူတို့သည် ဤကုလားတန် လေးမြို့မြစ်ဝှမ်းနှင့် ရိုးမတောင်
၏ အနောက် ဘက်ဒေသတွင် မှီတင်းနေထိုင်လာကြသည်မှာ မည်သူမှ ငြင်း
ချက်ထုတ်နိုင် မည် မဟုတ်ပေ။
တချို့က ထိုမင်းထိုအဖွဲ့အစည်းသည် ရခိုင်မင်းများသာဖြစ်သည်။ ရခိုင်ပြည်
မင်းများမဟုတ်ဟု စောတကတက်ဖွယ် ရှိလေသည်။ ထိုသို့ စောတကတက်
သူတို့ အဖို့မူ ရခိုင်ရာဇ၀င်များ၏အဆိုကို စေ့စုံစွာလေ့လာလျှင် သက်မင်းများ
သည် လည်းကောင်း သက်မိဖုရား များသည်လည်းကောင်း၊ မြိုမင်းများသည်
လည်းကောင်း မြိုမိဖုရားများသည်လည်းကောင်း ပါဝင်အုပ်စိုးလျက် အမျိုးသား
တရပ်ဖွဲ့စည်းခဲ့ကြကြောင်း ထင်ရှားကာ အမျိုးသားနိုင်ငံတခု ထူထောင်ခဲ့သည်
ကို သိလာရ မည် ဖြစ်ပေသည်။
(ဂ) ဘာသာစကား ယဉ်ကျေးမှု ဆက်နွယ်ခြင်း။
(ဃ) နီးစပ်သော ကိုးကွယ်မှုရှိခြင်း။
ထိုကုလားတန်၊ လေးမြို့မြစ်ဝှမ်းနှင့် ရိုးမအနောက်ခြမ်းနေ လူမျိုးစုတို့သည်
ဒေသိယအားဖြင့် ဘာသာစကား အမှုအခြင်း တွင် လေသံအနည်းငယ် ကွဲပြား
စေကာမူ၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့ထုံးစံများတွင်ကား အထူး ကွဲပြားသည်ကိုမတွေ့ရပေ။ ဗုဒ္ဓဘာသာ ထေရ်ရ၀ါဒသည် ပင်မဘာသာတရားဖြစ်ပြီး နတ်ကိုးကွယ်မှုသည် နယ်တိုင်း ရွာတိုင်းတွင် ရခိုင်အစ သက်၊ မြိုအဆုံး ကွဲပြားခြားနားမှုမရှိပေ။ စစ်တွေ၊ မြောက်ဥမှသည် ကုလားတန်မြစ်ဖျား၊
လေးမြို့ ချောင်းဖျားအထိ နတ်ကိုးကွယ်မှုရှိသည်ကို တွေ့ရမည်ဖြစ်သည်။
(င) တူညီနီးစပ်သော သမိုင်းနောက်ကြောင်းရှိခြင်း။
အထက်က ဆိုခဲ့သကဲ့သို့ မာရ်ယုမင်း ဘီစီ ၃၃၂၅ ခုနှစ် နန်းတက်သောအခါ
ထိုမင်း၏ အဓိကအင်အားသည် ရခိုင်များ မဟုတ်ဘဲ ရခိုင်ပြည်မျိုးနွယ်စုဝင် သက်၊ မြို၊ ခမီးများသာဖြစ်ခဲ့၏။ ထိုမင်း၏အမိသည် ဣန္ဒမာရယု၊ သက်အမျိုး
သမီး ဖြစ်၏။ မိဖုရားသည် မြိုအမျိုးသမီး ဘီ ဖြစ်၏။ ယင်းသည် အစဦးကပင် ရာဇ၀င်သမိုင်းနောက်ခံ တူညီနေမှုကို ညွန်းဆို ခြင်းပင်ဖြစ်သည်။ နောက်တွင် အမရဒူ၊ ပဲဖြူ၊ မြိုလူမျိုးများကို ကြည်ဖြူစွာ နန်းတင်ခဲ့ကြသည်တို့ကိုထောက်လျှင် တူညီ သော သမိုင်းနောက်ကြောင်း ဆက်နွယ်မှုကို တွေ့ရမည် ဖြစ်သည်။
(စ) တူညီနီးစပ်သော စီးပွားရေးရှိခြင်း။
ကုလားတန်၊ လေးမြို့မြစ်ဝှမ်း ရိုးတောင်အနောက်ဘက် ဘင်္ဂလားအော်၏
အရှေ့ဖက်နေ ရခိုင်မျိုးနွယ်စုဝင် လူပုဂ္ဂိုလ်တို့ သည် အဓိက အားဖြင့်-
(၁) ကိုင်းကျွန်းလယ်ယာ စိုက်ပျိုးရေး။
(၂) တံငါ ငါးဖမ်းနှင့် လှေလှော် လှေခတ်လုပ်ငန်း၊
(၃) သစ်ပင်၊ သစ်တောနှင့် ခြံမြေဥယာဉ် စိုက်ပျိုးရေး၊
(၄) ကျွဲ နွား ကြက် ငှက်နှင့် တိရစ္ဆာန်မွေးမြူရေး စသည်တို့ကို လုပ်ကိုင်အသက်
မွေးခြင်းဖြင့် တူညီသော အသက်မွေးဝမ်းကျောင်း စီးပွားရေး စနစ်ရှိသည်ကို
ပြသည်။

(ဆ) တူညီနီးစပ်သော အုပ်ချုပ်ရေးစနစ် တခုခုကို လိုလားခြင်း
အထက်က ပြဆိုခဲ့သော သမိုင်းဆိုင်ရာ အချက်အလက်တို့သည် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်တွင် ထိုခေတ်အခါ အလျောက် တူညီသော၊ အုပ်ချုပ်ရေးစနစ်တခုကို လိုလားခြင်းကို ပြဆိုချက် တရပ်ဖြစ်သည်။
မျက်မှောက်ခေတ်တွင်လည်း
(၁) ရတည အမတ်များသည် ဖဆပလကို ကျော်လွန်၍ မဲအနိုင်ရခဲ့မှု၊
(၂) ALD သည် မဆလ များသာမက NLD ကိုပါ ကျော်လွန်၍ မဲအနိုင်ရခဲ့မှု၊
(၃) ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) သည် ကြံ့ဖွတ်ကို
ကျော်လွန်၍ မဲအနိုင်ရခဲ့မှု
စသည်တို့သည် တူညီသော စနစ်တခုအောက်တွင် သို့မဟုတ် ရခိုင်ပြည်သူတို့သည် ရခိုင်လူမျိုးစုဝင်တို့၏ အုပ်ချုပ်မှု အောက်တွင်သာ နေလိုကြောင်း
သက်သေပြချက်များ ဖြစ်ပေသည်။
(ဆ) တူညီသော စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်မှုရှိခြင်း။
တူညီသော စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်မှုတို့သည် ရခိုင်လူ့အဖွဲ့အစည်းကို တည်ထောင်သည်မှစတင်၍ ယနေ့ထိ တိုင် ထင်ရှားဖြစ်တည်နေသည်ကို တွေ့ရပေမည်။ သမိုင်းဦးကာလတွင် ကုလားတန်၊ လေးမြို့မြစ်ဝှမ်း နှင့် ရိုးမအ
နောက် ခြမ်း ဘင်္ဂလားပင်လယ်အော် အရှေ့ဖက်တွင်ရှိသော ဤနေရာငယ်သည် ကျဉ်းမြောင်းလှသည်ပင်ဖြစ်သော်လည်း ယင်း နေရာငယ်ကိုပင် တသုတ်ပြီးတသုတ် ၀င်ရောက်လာကြပြီး အခြေပြုနေထိုင်ရန်၊ မြို့ပြနိုင်ငံများတည်ထောင်
ရန် တူညီစွာ စိတ်ကူးခဲ့ကြသည်ကို တွေ့နိုင်သည်။
နှောင်းခေတ်ကာလများတွင် ထိုနယ်မြေငယ်ကိုပင် အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်
စေလျက် ကျွန်ကုန်ကူးခြင်း အပါအ၀င် နယ်ပါယ်ချဲ့ထွင်ခြင်းအပြင် မိမိတို့၏
အင်အားကိုခိုင်မာရန် စိတ်ကူးခဲ့ကြသည်။ မျက်မှောက်ကာလတွင် ဗမာနိုင်ငံ
ရေး သမားများ၊ မသိမမြင်မှီပင် ဖက်ဆစ်ဂျပန်ကိုတော်လှန်တိုက်ရမည်ဟူသော စိတ်ကူး၊စိတ်သန်း အတွေးအခေါ်များဝင်ရောက် ကာ ဂျပန်များကို စတင်တိုက်
ထုတ်ခဲ့ကြသည်။ အထူးမှတ်သားရန်မှာ ဗိုလ်ချုပ်အောင်းဆန်း၏ တပေါင်း (၂၇) ရက် ဖက်ဆစ်တော်လှန်ရေးသည် ရခိုင်များက ဖက်ဆစ်ဂျပန်များကို အပြီးပိုင်နှင်ထုတ်ပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။
နောက်တချက်မှာ အနောက်ဖက်သား ကုလားများသည် ရခိုင်ပြည်ကို အခွင့်အ
ရေးအမျိုးမျိုးဖြင့် ၀င်ရောက်ပြီး လီဆယ် လုပ်ကြံမှု အမျိုးမျိုးဖြင့် ရခိုင်တိုင်းရင်းသား ရိုဟင်ဂျာများအဖြစ် သက်သေပြရန် ကြိုးစားနေမှုကို လက်မခံကြခြင်းပင်
ဖြစ် သည်။ ထိုသို့လက်မခံ ကြရန်အတွက် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့
အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကမှ တရားဟော၊ စည်းရုံး၊အကြံပြု၊ သညာပေးသည် မဟုတ်ဘဲ သဘာဝအသိတရားဖြင့် လက်မခံကြခြင်းဖြစ်လေသည်။
ဤသည်တို့ကား တူညီသော စိတ်ကူး၊ စိတ်သန်းအတွေးအခေါ်ကို ဖေါ်ပြခြင်း
အတွက် အလွန်တရာ တန်ဖိုးမြင့်မားသော သာဓကများ ဖြစ်ပေသည်။
အထက်က ဖေါ်ပြချက်များကို ထောက်ရှုလျှင် ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်
ကြသူတို့သည် အမျိုးသား တရပ်အဖြစ် ရပ်တည်ရန် မုချပြည့်ဝသော အထောက်အထားရှိသည်ကို တွေ့ရမည်ဖြစ်သည်။
အပိုင်း (၃) ဆက်ရန်
စိုးလင်းထွန်း (ရခိုင့်အမျိုးသား မဟာဗျူဟာ လေ့လာရေးနန့် လေ့ကျင့်ရေး ဌါန
မူပိုင် ဖြန့်ဝီသည်)

No comments:

Post a Comment