Saturday, 23 July 2016

ရခိုင်​ပြည်​ အမျိုးသား​ရေး ဝါဒ (အပိုင်း ၃)

ရခိုင်ပြည် အမျိုးသားရေးဝါဒ (အပိုင်း ၃)
=========================
အခဏ်း (၃)
အမျိုးသား ၀ါဒ၏ အကျိုးကျေးဇူးများ
(က) အမျိုးသားရေးဝါဒသည် နိုင်ငံရေးအရ ညီညွတ်မှုကို ပေးသည်။
အပြန်အလှန်အားဖြင့် နိုင်ငံရေးအရ စုစည်းညီညွတ်မှု မဖြစ်ပေါ်၊ စုစည်းညီ
ညွတ်မှုကိုမပေး၊ စုစည်းညီညွတ်အောင် မလုပ် ဆောင်ကြလျှင် အမျိုးသားရေး
ဝါဒသည်လည်း ထွန်းကားလာမည်မဟုတ်ပေ။ တဆက်တည်းတွင်ပင် အမျိုးသားနိုင်ငံ ထူထောင်ရေးသည်လည်း ဖြစ်လာမည်မဟုတ်ပေ။ အမျိုးသားနိုင်ငံ
ရေး ဖြစ်ပေါ်မလာလျှင် အမျိုးသားပိုင် နယ်မြေနယ်နိ မိတ်များ ထိမ်းသိမ်းစောင့်
ရှောက်ရန်လည်း ဖြစ်ပေါ်လာမည်မဟုတ်သကဲ့သို့ အမျိုးသားအကျိုးစီးပွားကို
လည်း အထောက်အကူ အစုံတရာ ပေးနိုင်မည်မဟုတ်ပေ။
တနည်းပြောရပါမူ အမျိုးသားညီညွတ်ရေး မရှိခြင်းသည် မည်သူကမည်သို့ပင်
ပြောပြော၊ မျိုးချစ်စိတ်ဓါတ် ခေါင်းပါးခြင်း၊ မပြည့်ဝခြင်း၊ မရင့်ကျက်ခြင်းတို့နှင့်
တိုက်ရိုက်ပတ်သက်လေသည်။ ယင်းကြောင်း ရခိုင်သားတိုင်းသည်။ အမျိုးကို
ချစ် သည်ဆိုသော အကြင်ရခိုင်သားတိုင်းသည် ညီညွတ်ကြရပေမည်။ အဆုံး
စွန် ညီညွတ်ကြရပေမည်။ ညီညွတ်မည့် နည်းလမ်းများကို ရှာကြံဖေါ်ထုတ်
လျက် သည်းခံခြင်း၊ သဘောတရားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ စွန့်လွှတ်အနစ်
နာ ခံခြင်းတို့ဖြင့် ညီညွတ်ကြရမည်သာ ဖြစ်သည်။
(ခ ) အမျိုးသားရေးဝါဒသည် အမျိုးသားတရပ်အဖြစ် အသိအမှတ်ပြု ခံရလိုမှု
ဖြစ်သည်။
အမျိုးသားတရပ်အဖြစ် အသိအမှတ်ခံရအောင်ပြုရန်မှာ အမျိုးသား နိုင်ငံတခု
အဖြစ် ရပ်တည်နိုင်လျှင်ဖြစ်စေ၊ အမျိုးသား နိုင်ငံတရပ်အဖြစ် မကြေငြာနိုင်
သေးသော်လည်း ကမ္ဘာ့ဧရာမ အများစုဖြစ်သော၊ နိုင်ငံအများ၏ ရှေ့မှောက်
တွင် မြင်သာ ထင်သာသော၊ နိုင်ငံရေး ဖေါက်ခွဲမှုများကို ပြုလုပ်နိုင်မှသာ
ဖြစ်နိုင်ဖွယ်ရှိလေသည်။
တချို့သော ပုဂ္ဂိုလ်များက ကုလသမဂ္ဂ ကိုလိုနီဖျက်သိမ်းရေး ဆိုင်ရာကော်
မတီက အသိအမှတ်အပြုခံရအောင် လုပ် ဆောင်ရန် အဆိုများကိုတင်ပြ
ကြလေသည်။ ကျွန်ုပ်တို့ အနေနှင့် သဘောမတူနိုင်စရာ အကြောင်းမရှိပေ သို့ဆိုလျှင် ထိုသို့ အသိအမှတ်ပြုခံရရန်မှာ ကျွန်တော်တို့ ဖက်မှ အလွန်တရာ
ကြီးမားသော အခက်အခဲများကို ကျော်လွှားလွန် မြောက်ရဦးမည်ဟု ယူဆရ
ပေသည်။ ယင်းတို့မှာ နိုင်ငံတခု၏ အင်္ဂါလက္ခဏာရပ်များ ပြီးပြည့်စုံလုလု
အခြေသို့ ရောက် နေရမည်ဖြစ်သည်။ အစိုးရဖွဲ့နိုင်လောက်သော၊ နိုင်ငံရေး၊
စစ်ရေး၊ စီးပွားရေး စသည့် နိုင်ငံရေးအဆောက်အဦးများ တည် ဆောက်ရပေ
ဦးမည် ဖြစ်သည်။
ထိုအဖွဲ့အစည်းများမှ နိုင်ငံရေးဆိုင်ရာ ဖေါက်ခွဲမှုကြောင့်သာ ကိုလိုနီဖျက်
သိမ်းရေးကော် မတီ၏ အဆုံးအဖြတ် ခံရသည့်အဆင့်သို့ ရောက်မည်ဖြစ်
သည်။ ကိုလိုနီဖြစ်နေသောကြောင့် ကိုလိုနီဖျက်သိမ်းရေးကော်မတီ၏
အဆုံးအဖြတ်ဖြင့် လွတ်လပ်ရေးရကြမည်ဆိုလျှင် နိုင်ငံ ပေါင်းထောင်သောင်းမက ပေါ်လာဖွယ်ရှိလေသည်။ ထို့ကြောင်း ကျွန်ုပ်တို့သည် မိမိတို့၏ အင်အား
ကို မိမိတို့ဘာသာ တည်ဆောက်လျက် ပန်းတိုင်သို့ ချီတက်ကြရမည်ဖြစ်သည်။
(ဂ ) အမျိုးသားရေးဝါဒသည် နိုင်ငံချစ်စိတ်ဖြစ်သည်။
(ဃ) အမျိုးသားရေးဝါဒသည် မျိုးချစ်စိတ် ဖြစ်သည်။
ရခိုင်သားတိုင်းသည် အမျိုးကိုချစ်ကြသည်။ ဤစကားသည် လုံးဝအကြွင်းမဲ့
မှန်ကန်သော စကားဖြစ်ပေသည်။ သို့ရာတွင် အမျိုးကိုချစ်ပုံချစ်နည်းကား
တတ်ကျွမ်းရန်လိုအပ်မည်ဖြစ်သည်။ မချစ်တတ်လျှင် နှစ်သည်နှင့်တူ၍ အကျိုး
မဖြစ်၊ အပြစ် ပင် ဖြစ်လာတတ်ပေသေးသည်။ တနည်းအားဖြင့် မျက်ကန်းမျိုး
ချစ်များလည်း ဖြစ်နိုင်သည်ပင်။ ဤတွင် ပြောရန်ရှိသည် မှာ မျိုးချစ်စိတ်ဓါတ်၏
အဓိကအန္တရာယ်များ အကြောင်းပင်ဖြစ်ပေသည်။
မျိုးချစ်စိတ်ဓါတ်၏ အဓိက အန္တရာယ်များမှာ -
(၁) ကိုယ်ကျိုးရှာကြံမှု။ မိမိ၏အကျိုးကို တွက်စစ်ဖက်တွယ်နေလျှင် မျိုးချစ်စိတ်
ဓါတ်သည် အမျိုးကို ယုတ်လျော့စေပြီး အပေါင်းလက္ခ ဏာဘ၀မှ အနုတ်
လက္ခဏာသို့ ဦးတည်သွားတတ်လေသည်။
(၂) မတော်လောဘ (သို့) လောဘလွန်ကဲမှုသည်လည်း မျိုးချစ်စိတ်ဓါတ်၏
ရန်သူ အန္တရာယ်ဖြစ်သည်။ လောဘ လွန်ကဲလာလျှင် လူတိုင်းလူတိုင်းသည်
အမျိုးသားအကျိုးစီးပွားကို ပစ်ပါယ်လျက် မိမိအကျိုးစီးပွားကိုသာ ဆည်းပူးရှာကြံ မည်ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားမှ မိမိအကျိုးစီးပွားကို ဖဲ့ထုတ်ယူငင်မည်
ဖြစ်သည်။
(၃) အကြောက်တရား အကြောက်တရားသည်လည်း မျိုးချစ်စိတ်ဓါတ်၏ ရန်သူ
ဖြစ်သည်။ အကြောက်တရား ကြီးစိုးလျှင် အမျိုး၏ဂုဏ်သိက္ခာကို ထိပါးသည်ဟု သိမြင်ပါလျက်၎င်း၊ အမျိုးသားရေးအတွက် အကျိုးယုတ်မည် ဟုသိလျက်၎င်း၊
အရေးယူလုပ်ဆောင်ခြင်း မပြုမှုများသည် အမျိုးကိုချစ်သော်လည်း အကျိုးယုတ်
စေသော အချက်ဖြစ်သည်။
(၄) တွေးခေါ်မှု မှားယွင်းခြင်း - အမျိုးကိုချစ်သည်မှန်လျက် တွေးခေါ်မှုမှားယွင်းကာ မိမိတို့အမျိုးသားနှင့် တထပ်တည်း မကျတော့ဘဲ ရန်သူအလိုကျ ရန်သူကို အားပေးသကဲ့သို့ ဖြစ်လာပြီး အမျိုးကို အကျိုးယုတ်စေသည်ဖြစ်သဖြင့် မျိုးချစ် ဘ၀မှသည် မျိုးဖျက်ဘ၀သို့ ဆိုက်ရောက်တတ်သည်။
(င ) အရှောင်သမားဆန်ခြင်း -အမျိုးကိုချစ်သလားချစ်၏။ ကိုယ်သာမည့်အခါ
၊အကျိုးအမြတ်ဖြစ်ထွန်းမည့် အခါတိုင်း ရှေးတန်းသို့ လာရောက်လျက် လက်
သီးလက်မောင်းတန်းကာ မျက်နှာပြကြွေးကြော်၏။ အကျိုး အမြတ် မဖြစ်ထွန်း၊
အနစ်နာခံရမည့်အခါတိုင်း တမျိုးမျိုးသော အကြောင်းပြချက်တို့ဖြင့် ရှောင်ဖယ်
စွန့်ခွာ တတ်ခြင်း။ ဤသို့သော စိတ်ဓါတ်မျိုးရှိသူ၊ လုပ်သူတို့ကို အထူးသတိထားသင့်၏။
ထို့ကြောင်း မျိုးချစ်စိတ်ဓါတ်၏ အခြေခံ အချက်အလက်အချိုးကို ဖေါ်ပြရလျင်-
၁။ အမျိုးသားရေးရာကိစ္စများတွင် ရပ်တည်ခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
၂။ အမျိုးသား အကျိုးစီးပွားကို လိုလားခြင်း၊ ပါဝင်လုပ်ဆောင်ခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
၃။ အေးတူပူအမျှ၊ အမျိုးသားများနှင့် အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
၎။ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းသည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
၅။ အမျိုးသားကောင်းစားရေး၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ဂုဏ်သိက္ခာမြင့်မားအောင်
လုပ်ဆောင်ခြင်းတို့သည် မျိုးချစ်စိတ်ဓါတ်ဖြစ်သည်။
၆။ အမျိုးသားရေး ရန်သူများ၊ ရန်သူအားပေးများ၊ အရှောင်သမားများနှင့် အဆက်အဆံမပြုခြင်းတို့ 
သည်လည်း မျိုးချစ်စိတ် ဓါတ်ဖြစ်သည်။
၇။ မျိုးချစ်စိတ်ဓါတ်သည်ပင် နိုင်ငံချစ်စိတ်၏ တစိတ်တဒေသဖြစ်တော့သည်။
(စ ) အမျိုးသားရေး ၀ါဒသည် အမျိုးသား အကျိုးစီးပွားများ ဖြစ်ထွန်းရေး (၀ါ)
အမျိုးသားရေးလိုအင်များကို ဖြည့်ဆည်းရေးဖြစ်သည်။
ဤတွင် အမျိုးသားအကျိုးစီးပွားဆိုသည်တို့ကို ANFU ဖွဲ့စည်းပုံနှင့် အမျိုးသားအကျိုးစီးပွားစာတမ်းတို့၌လည်း တွေ့နိုင် သည်။ အကျဉ်းမျှ ဖေါ်ပြရလျှင် -
(က) ရခိုင်ပြည်၏ အချုပ်အခြာအာဏာသည် ရခိုင်ပြည်သူတို့လက်သို့ ပြန်လည်ရောက်ရှိရန်ဖြစ်သည်။
(ခ ) ရခိုင်ပြည်သူတို့၏ ကံကြမ္မာကို ရခိုင်တို့ဖန်တီးပြဋ္ဌာန်းရန်ဖြစ်သည်။
(ဂ ) ရခိုင်ပြည်သူတို့၏ အနာဂါတ် ဘ၀ကို ရခိုင်ပြည်သူတို့ ဆုံးဖြတ်ပြဋ္ဌာန်းရန်
ဖြစ်သည်။
(ဃ) ဖဲ့ထုတ်ခံထားရသော ရခိုင့် နယ်ပါယ်များကို ပြန်လည်ရရှိရန်ဖြစ်သည်။
(င ) ရခိုင်လူမျိုးတိုင်းကို ရခိုင်ပြည်သားအဖြစ် အသိအမှတ်ပြုရန်ဖြစ်သည်။
(စ ) အနိုင်နိုင်ငံရှိ အခြားသောလူမျိုးများနှင့် တန်းတူသော လူ့ အခွင့်အရေးနှင့်
ဖွံ့ဖြိုးတိုးတက်မှုများကို ရခိုင် ပြည်သူတို့ ရရှိခံစားနိုင်ရန် ဖြစ်သည်။
(ဆ) အမျိုးသားရေး ၀ါဒသည် အမျိုးသားဂုဏ်သိက္ခာ မြင့်မားရေးဖြစ်သည်။
အမျိုးသားတရပ်၏ ဂုဏ်သိက္ခာသည် အမျိုးသားနိုင်ငံ ထူထောင်နိုင်ခြင်းနှင့် တိုက်ရိုက်ပတ်သက်နေပေသည်။ နိုင်ငံမဲ့ လူမျိုးတမျိုး အတွက် ဂုဏ်သိက္ခာရှိသည်ဟုဆိုလျှင် (ပထွီး)ဘထွေးကို အဖေခေါ်နေသူကဲ့သို့သာ ဖြစ်ချေမည်။ ယင်း
ကြောင်း ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာသည် ရခိုင်ပြည်လွတ်လပ်ရေးအပေါ်တွင်သာ လုံးဝ တည်မှီနေပေသည်။ ထိုဂုဏ်သိက္ခာရှိမှသာလျှင် ယင်းဂုဏ်သိက္ခာမြင့် မားလာရေးအတွက် ဆက်လက် ကြိုးပမ်း ရပေဦးမည်။ ၎င်းတို့မှာ၊
၁။ ယဉ်ကျေးမှုမြင့်မားရန်၊
၂။ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားရန်၊
၃။ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားရန်၊၊
၎။ စီးပွားရေးဝင်ငွေမြင့်မားရန်တို့  အနည်းဆုံးပါဝင်သော အမျိုးသား
ရေး ဂုဏ်သိက္ခာများ မြင့်မားလာရန် ဖြစ် သည်။
(ဇ ) အမျိုးသားရေး ၀ါဒသည် - ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ထိမ်းသိမ်းကာကွယ်ခြင်းဖြစ်သည်။
ရခိုင်ပြည်၊ ရခိုင်လူမျိုးတို့တွင် တခြားကမ္ဘာ့လူမျိုးများနှင့်မတူသော ရိုးရာဓလေ့ထုံးစံ မြောက်များစွာရှိ၏။ ထိုထုံးစံ ဓလေ့ကြောင့်ပင် ရခိုင်သည် ရခိုင်ဟူ၍ ဖြစ်လာရ၏။ ရခိုင်ဟူသောဂုဏ်သိက‚ာဖြစ်ပေါ်၏။ ယင်းဓလေ့ထုံးစံများ ပျောက်
ပျက်သွားလျှင် ရခိုင်သည်ရခိုင်ဟူ၍ပင် ဖြစ်တော့မည် မဟုတ်ပေ။
ဥပမာအားဖြင့် -
ရခိုင်သင်္ကြန် -
ရခိုင်သင်္ကြန်သည် ရခိုင်လူမျိုးတို့၏ မူပိုင်လည်းဖြစ်၏။ ထို့ကြောင်း ဗမာနယ်ချဲ့များသည် အာဏာကိုသုံးလျှက် သင်္ကြန် ပွဲတော် မဖြစ်မြောက်အောင်တား၏။ ယင်းသည် မျိုးဖျောက်စီမံကိန်းတခုအနေနှင့် ထင်ရှားသော သာဓကပင်ဖြစ်
သည်။
အခြားသော ရခိုင့်အမျိုးသားပိုင် ရိုးရာဓလေ့ထုံးစံလည်း များစွာရှိပေသေး၏။
ယင်းတို့ကို မပျောက်ပျက်အောင် ထိမ်း သိမ်းရမည်သာဖြစ်၏။ ထိုထုံးစံ ဓလေ့များပျောက်ပျက်လျှင် ရခိုင်လူမျိုးနှင့် ရခိုင်ပြည်သည်လည်း ပျောက်ကွယ်သွား
လိမ့်မည်ဖြစ်သည်။
ယင်းတို့မှာ လူမှုရေး အားဖြင့် -
၁။ ရခိုင်တို့၏ ဆွေမျိုးတော်စပ်ပုံဓလေ့၊
၂။ သမက်တက်ပုံ - စနစ် / ထိမ်းမြားမင်္ဂလာဓလေ့၊
၃။ အမည် ကင်းပွန်းတပ်ဓလေ့၊
၎။ မသာ၊ အသုဘ၊ သင်္ချိုင်းသုဿန် ထားရာတည်ရာ၊မြှပ်နှံရာဓလေ့၊
၅။ ရထားဆွဲ - ရထားငင်နှင့် ရာသီပွဲတော်များဓလေ့၊
၆။ ရခိုင်ရိုးရာကျင်ပွဲများအပြင်
ဘာသာရေးအနေဖြင့်
၇။ ရှင်ပြု - ရဟန်းခံဓလေ့၊
၈။ ဘုန်းကြီးပျံ၊ ဒုံးပွဲ စသည်တို့သည် ရခိုင်ဓလေ့များ ဖြစ်ကြ၏။
(ဈ ) အမျိုးသားရေး ၀ါဒသည် - အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်
အနိုင်နိုင်ငံရှိ အမျိုးသားများကို ထားဘိ၍ မည်သူမဆို ဖွံ့ဖြိုးတိုးတက်ရေးကို လိုလား၏။ ထိုအတူ ရခိုင်ပြည်သူများသည် လည်း အမျိုး သား ဖွံ့ဖြိုးတိုးတက်
ရေးကို၊ ကိုယ်စီကိုယ်ငှ လိုလားကြသည်သာ။
ဖွံ့ ဖြိုးတိုးတက်မှုဆိုရာတွင်-
(၁) စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၂) ပညာရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၃) အုပ်ချုပ်ရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၄) လမ်းပမ်းဆက်သွယ်ရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၅) လူမှုရေး ဖွံ့ ဖြိုးတိုးတက်မှု၊
(၆) ခေတ်နှင့်အပြိုင် အစစ ဖွံ့ ဖြိုးတိုးတက်မှု၊
စသည်တို့  ဖွံ့ ဖြိုးတိုးတက်ရန်လိုအပ်မည်ဖြစ်သည်။
ယနေ့ကာလ အုပ်ချုပ်သူ နယ်ချဲ့များသည် ကျွန်ုပ်တို့ နယ်ချဲ့ခံအမျိုးသားတို့၏
ဖွံ့ဖြိုးတိုးတက်မှုကို မလိုလား။ အဟန့် အတားပြုနေ၏။ ဖိနှိပ်ချုပ်ချယ်၏။
ထို့ကြောင်း ရခိုင်ပြည်သူတို့သည် ဖေါင်စီးရင်း ရေငတ်နေကြရ၏။ လယ်လုပ်
ရင်း၊ ထမင်းငတ်နေ၏။ လယ်သမား လယ်လုပ်ခွင့်မရ၊ ယာသမား ယာထွန်
ခွင့်မရှိ၊ မိမိလယ်ကို မိမိအားအငှားချပြီး သီးစားခ ပေးနေကြရ၏။ တံငါသည်
ငါးဖမ်းခွင့်မရှိ။ ထိုတပ်၊ ဤတပ်၊ ထိုအဖွဲ့၊ ဤအဖွဲ့ စသည်တို့သို့ အခွန်ဆောင်
နေကြရ၏။ မိမိ စိုက်ပျိုးသော သစ်ပင်ကိုကိုယ်တိုင်ခုတ်လှဲခွင့်မရှိ။ စီးပွားရေး
ဖွံ့ဖြိုးမှုကို ပိတ်ပင်တားဆီးမှုများ၏ သာဓကအချို့ ဖြစ်သည်။
ဆက်ရန် အပိုင်း(၄)
စိုးလင်းထွန်း (ရခိုင့် အမျိုးသား မဟာဗျူဟာ လေ့လာရေးနန့် လေ့ကျင့်ရေး
ဌါနမှ
မူပိုင်ဖြန့်သည်)

No comments:

Post a Comment