Saturday, 23 July 2016

ရခိုင်​ပြည်​ အမျိုးသား​ရေး ဝါဒ (အပိုင်း ၄)

ရခိုင်ပြည် အမျိုးသားရေး ဝါဒ အပိုင်း(၄)
=========================
အစိုးရက အခမဲ့ပညာသင် စနစ်ဟုဆို၏။ အခပေးရသည်ထက် ပိုလွန်သော
အခငွေကြွေးကို အကြောင်းပြချက် အမျိုး မျိုးဖြင့် ရံပုံငွေကောက်ခံသည်မှာ
ကျောင်းသားမိဘများ လက်ပမ်းကျသည်အထိ ဖြစ်သည်။ ဆယ်တန်း အောင်
ပြန်လျှင် အထက်တန်းပညာ သင်ကြားရန် ကောလိပ်တက္ကသိုလ် အတတ်
သင်ကျောင်းများ အလုံအလောက်မရှိ။ ရိုးမတဖက်ကို ကျော်၍ သူတပါးနိုင်ငံသို့ သွားရောက် ပညာသင်ရသည်ဖြစ်၍ စရိတ်စက ကြီးမားသဖြင့် မတတ်နိုင်ကြ။ ဤသည်တို့ကား ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်၏တားဆီးမှု များပင်။
နယ်ချဲ့အစိုးရသည် တံတားတစင်း၊ လမ်းတကြောင်း ဖေါက်သည်ကိုပင်အ
လေးအမြတ်ပြုလျှက် သတင်းစာ၊ ရေဒီယို၊ တီဗီတို့တွင် ၀ါဒဖြန့်ချီရေးလုပ်၏။
ရခိုင်ပြည်အတွင်းဖေါက်သော ရထားလမ်း၊ ကားလမ်းတခုသည်ပင် သမိုင်း
အမွေ အနှစ်ကို ဖျက်စီးရန်အတွက် သာလုပ်နေခြင်းဖြစ်သည်။ လမ်းပမ်းဆက်
သွယ်ရေး ကောင်းမွန် ရန်မဟုတ်။ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရန်မဟုတ်။ ပြည်
သူကို ဖိနှိပ်ရန်အတွက်၊ နယ်ချဲ့စစ်အုပ်ချုပ်ရေး လွယ်ကူစေရန်အတွက်သာဖြစ်သည်။ သမိုင်းအမွေအနစ်များကို ဖျက်ဆီးရန် စီးပွားရေးအခြေခံ၊ သဘာဝ
အရင်းအမြစ်များကို ထုတ်ယူရန်အတွက်သာ ဖြစ်လေသည်။ မျိုးဖျောက်ရန်
အတွက်သာဖြစ်သည်။
ရခိုင်လူငယ်များသည် ယနေ့အခြေအနေတွင် အလုပ်လက်မဲ့ဖြစ်လျှက် တပြည်တရွာသို့ထွက်ခွာ အလုပ်အကိုင် ရှာနေ ကြသည်။ ယင်းကြောင့် ရခိုင်ပြည်
သည် လူသားအရင်းအမြစ်များကို ဆုံးရှုံးခံနေရသည်။ အကြောင်းတရားမှာ
နယ်ချဲ့ အစိုးရ၏ ဖန်တီးချက်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် အလုပ်ရုံ၊ စက်ရုံ
မည်မျှ ရှိသနည်း။ တိုင်းသို့မဟုတ် ဒေသကြီးတခုရှိ စက်ရုံ၊ အလုပ်ရုံများ၏
ဆယ်ပုံတပုံ ရှိပါသလား။ ရှိသည်မဟုတ်ပေ။ ရခိုင်ပင်လယ်ပြင်မှ ကုဋေကုဋါ
တန်ဖိုးရှိသော ဓါတ်ငွေ့များထုတ်ယူပြီး ရခိုင်သားတို့ ဖွဲမီးစက်ဖြင့်နှစ်ပါးသွားနေ
ရခြင်း သည် ဖွံ့ဖြိုးတိုးတက်မှုကို နယ်ချဲ့များ၏အဟန့် အတား ပြုနေခြင်းအတွက် သရုပ်သကန် ဖြစ်လေသည်။
ခေတ်နှင့်အပြိုင်ဖွံ့ ဖြိုးတိုးတက်မှုကိုဆိုပေဦးမည်။ ယနေ့ ကာလသည် ကမ္ဘာ့
ရွာခေတ်ဖြစ်သည်။ ကမ္ဘာကြီးသည် အိုင်တီ နယ်ပါယ်တွင် ရွာသာသာသို့ 
ကြုံ့ သွားခြင်းဖြစ်၏။ ယင်း၏ အဓိကဇတ်ဆောင်သည် ဒီဂျီတယ်စနစ် ဖြစ်၏။
ဒီဂျီတယ် (Degital)စနစ်မဖွံ့ ဖြိုးလျှင် အခြားတပါးသော ဖွံ့ ဖြိုးမှုတို့ သည်လည်း
ဖြစ်သင့်သလောက် တိုးတက်ဖြစ်ထွန်းလာမည် မဟုတ်ပေ။ ယနေ့ ရခိုင်ပြည်တွင် လျှပ်စစ် ဘယ်နှစ်နာရီ အသုံးပြုနိုင်သလဲ။ မိုဘိုင်း ဖုံးသုံးစွဲခွင့် မည်မျှပေးထားသလဲ။ စသည့်စသည်တို့ ကိုတွက်စစ်လျှင် အုပ်ချုပ်သူအစိုးရသည်သာ တရားခံ
ဖြစ်ကြောင်း အဖြေထွက်လေသည်။
ထိုဘ၀မှ လွတ်မြောက်ရန်အတွက် လွတ်လပ်ရေးသည်သာ မိမိတို့၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေ မည့် တခုတည်းသောလမ်းကြောင်းဖြစ်
သည်ကို သတိမူရမည် ဖြစ်သည်။
(ည) အမျိုးသားရေး ၀ါဒသည် အမျိုးသားပိုင် နယ်မြေ နယ်နမိတ်ကို
ထိမ်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည်။
ရခိုင်တို့သည် သူတပါးလက်အောက် ကျရောက်ခဲ့ရသဖြင့် ကျရောက်ခါစကပင် ရှင်မဖြူကျွန်းအပါအ၀င် ရာမူး (ပင်းဝါ) နယ်မြေများကို ဆုံးရှုံးခဲ့ရ၏။ ဗမာလက်
လက်အောက်မှသည် အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီ လက်သို့ကျရောက်ခဲ့ရ၏။ ဗမာ့လွတ်လပ်ရေးခေတ်တွင် ပလက်ဝနယ်များ၊ ဂွချောင်းမြစ်ဝတောင်
ဘက် ကျောက်ချွန်းချောင်းမှအစပြုပြီး ယင်း၏ တောင်ဖက်ပိုင်းနယ်မြေများကို ဆုံးရှုံးခဲ့၏။ ဘင်္ဂလာ-မြန်မာနယ်စပ်အကြား နတ်မြစ်အဖျားရှိကျွန်းများသည်
နာမည်ကျော်ကျွန်းများဖြစ်ကြ၏။ ဤကျွန်းများကို ဗမာအစိုးရအနေဖြင့်
ဘင်္ဂလာဒေ့ခ်ျသို့ ပေးအပ်ခဲ့မှုများသည် အမျိုးသားပိုင် နယ်ပါယ်များ ဆုံးရှုံးမှုတွင်ပါဝင်၏။ ယင်းသည် ရခိုင်ဘိုးဘွားပိုင် နယ်မြေများဖြစ်သည်။ ကျွန်ပြုခံရလျှင်ပင် ကျွန်ုပ်တို့ အမျိုးသားများသည် ကျွန်ဘ၀ကိုအတူတကွ ခါးစည်းခံကြရမည်သာ
ဖြစ်၏။ ထိုနယ်မြေများအပါအ၀င် အခြားသော ရခိုင်ဘိုးဘွား၊ မိဘပိုင်နယ်ပါယ်များ ပြန်လည်တစည်းတရုံးတည်း ဖြစ်ရေးတို့သည် ရခိုင်အမျိုးသားရေး ၀ါဒ (သို့) ရခိုင်အမျိုးသားရေး လိုအင်များဖြစ်သည်။
အခဏ်း (၄)
အမျိုးသားရေးဝါဒ၏ ပဋိပက္ခများ
အမျိုးသား တရပ်ရှိလျှင် အမျိုးသားရေးဝါဒသည် မုချရှိနေသကဲ့သို့၊ အမျိုးသား
တွင်းပဋိပက္ခသည်လည်း မုချရှိနေရမည် သာဖြစ်သည်။ ယင်းတို့ကို ဆန်းစစ်
လျှင် -
(၁) နယ်မြေနယ်နမိတ် တခုတည်း နေထိုင်သော်ငြား၊ သွေးသားချင်း အမျိုးဆက်နွယ်မှု မရှိခြင်း ကြောင်း ဖြစ်ပေါ်နိုင်သည်။
(၂) နယ်မြေနယ်နမိတ် တခုတည်းအတွင်း စုစည်းနေထိုင်သော်ငြားလည်း ဘာသာစကား၊ ယဉ်ကျေးမှုကို ကိုးကွယ်မှုဆိုင်ရာတို့တွင် ကွဲပြားခြားနားသော
ကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။
(၃) နယ်မြေနယ်နမိတ် အတွင်းလည်း အတူနေ၏။ သွေးသားဆက်နွယ်မှု၊ ဘာသာစကားကိုးကွယ်မှု၊ ယဉ်ကျေးမှု စသည်တို့လည်း တူညီ၏။ အုပ်ချုပ်ရေး
စနစ် အနာဂတ်စိတ်ကူးစိတ်သန်း အတွက်မူ မတူကွဲလျက် ရှိနေသောကြောင့်
လည်း ပဋိ ပက္ခဖြစ်ပေါ်နိုင်လေသည်။
(၄) နယ်မြေနယ်နမိတ် တခုတည်းအတွင်း ရောက်ရှိနေသော်လည်းဘာသာ
စကား မတူညီ၊ သွေးသားမစပ် ဟပ်၊ ယဉ်ကျေးမှုကိုးကွယ်မှုတခြား၊ နယ်ကျွံ
နိုင်ငံသားများကြောင့်လည်း ပဋိပက္ခ ဖြစ်ပေါ်နိုင်သည်။
အထက်ကဆိုခဲ့သောအချက်များအနက် ၁ နှင့် ၂ အချက်တို့ သည် သာမန်သာမညအချက်သာဖြစ်သဖြင့် ဖွင့်ဆိုချက်ပေးရန် လိုမည်မထင်ပေ။ တနည်းအားဖြင့် နှစ်ပေါင်းထောင်ချီပြီး အတူတကွနေထိုင်လာကြသူများကြား ပဋိပက္ခသာ ဖြစ်သောကြောင့် အထူးရေးရန် မလိုတော့ပေ။
(၃) ဘာသာတူ လူမျိုးတူ ၊ အယူအဆမတူ သူတို့ ၏ ပဋိပက္ခ။
ဤအချက်တွင် အဓိကပြဿ နာသည် ရခိုင်ပြည်တောင်ပိုင်း မြောက်ပိုင်းပြဿနာဖြစ်
သည်။ ရခိုင်ပြည် တောင်ပိုင်း မြောက်ပိုင်းနေ လူများသည် အစစအရာရာတူ
ညီသော လူတမျိုးတည်းပင်ဖြစ်သော်လည်း အုပ်ချုပ်ရေးစနစ် အပေါ် တခါတရံသဘောကွဲလွဲ မှုများရှိခဲ့ကြလေသည်။ ဥပမာအားဖြင့် ဘုရင့်ခေတ် အခါက
တောင်းပိုင်းသား ရှင်ဘုရင်များ နန်းရသည်ကို မကြေနပ်ကြဟုဆို ခြင်းများနှင့် ယနေ့ ခေတ်၊ ၁၉၉၃ ခုနှစ်က တောင်ပိုင်းတွင် NLD အမတ်များမဲနိုင်ပြီး
မြောက်ပိုင်းတွင် ALD အမတ်များက မဲအသာရမှုများ။ ၂၀၁၁ ရွေးကောက်ပွဲ
တွင်လည်း မြောက်ပိုင်းတွင် ရခိုင်ပြည်တိုးတက်ရေးပါတီဝင် အမတ်များက
မဲနိုင်ပြီး တောင် ပိုင်းတွင်ကြံ့ဖွတ် အမတ်များက မဲအသာရခဲ့မှုများဖြစ်ကြသည့်
အချက်သည် တူညီသောအုပ်ချုပ်ရေးစနစ်နှင့် အနာဂတ်တည်ဆောက်မှုတို့ 
အတွက် ယင်းစိတ်ကူး စိတ်သန်း မတူခြင်းကို ဖေါ်ညွန်းနေပေသည်။ ယင်း
ကြောင့် အနာဂတ် ရခိုင့်အမျိုးသားခေါင်းဆောင်တို့ သည် ဤအချက်ကို အထူးအလေးထားသင့်သည်ဟု မှတ်ယူရမည်ဖြစ်သည်။
(၄) တမြေတည်းနေ - စကားမတူ၊ သွေးသားမစပ်ဟပ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်
မှုတခြား၊ နယ်ကျွံနိုင်ငံသားများနှင့်ပဋိပက္ခ။
ရခိုင်ပြည်သည် ၁၁၄၆ ခုနှစ် နောက်ပိုင်းတွင်ကိုလိုနီလက်ပြောင်းလက်လွဲများခဲ့၏။ ယင်းတို့ ကို အခွင့်ကောင်း ယူ၍ တိုင်းတပါးသားများသည် နယ်စပ်ချင်း
ထိစပ်နေသော ရခိုင်ပြည်ဒေသသို့  အခြေချခဲ့ကြ၏။ အုပ်ချုပ်သူ အမျိုးမျိုးတို့ က
လည်း မိမိတို့ အ ကျိုးအတွက် လျှစ်လျှူရှုဝင်ခွင့်ပြုခဲ့ကြ၏။
ဤသို့ ဖြင့် ယနေ့ အချိန်တွင် ထိုနယ်ကျွံ လူမျိုးများမှ အစွန်းရောက်အချို့ သည် အာရပ်ကြီးနှင့်ကုလားအုပ် ပုံပြင်ကဲ့သို့ ကုလားဘွဲ့ ခံ ရခိုင့်ဘုရားတကာမင်းများကို မူဆလင်မင်းများဖြစ်လေဟန်၊ မြောက်ဦးမြို့ သည်ပင် သူတို့ ၏ ကုလားမြို့ 
တော်ဖြစ်လေဟန် လီဆည်လုပ်ကြံလျှက် အရှေ့အလယ်ပိုင်း မူဆလင်နိုင်ငံများ
မှ ငွေကြေးတောင်းခံကာ မူဆလင်နိုင်ငံထူထောင်ရန် ကြိုးပမ်းနေကြလေ
သည်။
ဤပဋိပက္ခသည် အလွန်ကြီးကျယ်သော တိမ်းစောင်းမခံနိုင်သည့် ပဋိပက္ခဖြစ်
သည်။ ထို့ အတူ ရခိုင်ပြည်၏ အမျိုးသားနိုင်ငံရေး မျှော်မှန်းချက်တခုလုံးကို
နှောင့်နှေးကြံ့ကြာအောင်လည်းကောင်း မဖြစ် မြောက်အောင်လည်း ကောင်း အန္တရာယ်ပြုနိုင်
သော ပဋိပက္ခလည်းဖြစ်သည်။ ဤပဋိပက္ခကို အရှည်သဖြင့်
လျှစ်လျှူရှုထားလျှင် ပို၍ အကျိုးယုတ်နိင်ကြောင်း တိုင်းချစ်ပြည်ချစ် အပေါင်းတို့ အား အထူး
သတိပေးအပ်ပေသည်။
ဆက်ရန် နိဂုံး အပိုင်း(၄)
စိုးလင်းထွန်း (ရခိုင်ပြည် အမျိုးသား မဟာဗျူဟာလေ့လာရေးနန့် လေ့ကျင့်ရေး
ဌါနမှ လေ့လာနိုင်ရန် မူပိုင် ဖြန့်ဝီသည်

No comments:

Post a Comment