Saturday, 23 July 2016

ရခိုင်​ အမျိုးသား ဝါဒ နဂုံး (အပိုင်း ၆)

ရခိုင်ပြည် အမျိုးသားရေးဝါဒ နိဂုံးပိုင်း
========================
အခဏ်း(၆)
အမျိုးသားရေး ရည်မှန်းချက်
အမျိုးသားရေးဝါဒအရ အမျိုးသားရေး ရည်မှန်းချက်များသည် -
(က) အမျိုးသားအကျိုးစီးပွားများကို ဖေါ်ဆောင်ရန် ဖြစ်သည်။
(ခ ) အမျိုးသားရေး လိုအင်များကို ဖြည့်ဆည်းနိုင်ရန် ဖြစ်သည်။
(ဂ ) မျိုးချစ်စိတ်ဓါတ်ကို အထွဋ်အထိပ်သို့ မြှင့်တင်ပေးရန်ဖြစ်သည်။
(ဃ) အမျိုးသား တည်တံ့ရေးအတွက် အမျိုးသားရေး ရန်သူများကို
တိုက်ခိုက်ရန် ဖြစ်သည်။
(င ) အမျိုးသား ညီညွတ်ရေးကို အစဉ်သဖြင့် ဆုပ်ကိုင်ထားရန် ဖြစ်သည်။
အခဏ်း (၇)
အမျိုးသားရေး တာဝန်
အမျိုးသားရေးဝါဒအရ အမျိုးသားရေး တာဝန်သည် -
(က) အမျိုးသားအကျိုးစီးပွားများကို ဖေါ်ဆောင်ရန် ဖြစ်သည်။
(ခ ) အမျိုးသားရေး လိုအင်များကို ဖြည့်ဆည်းနိုင်ရန် ဖြစ်သည်။
(ဂ ) မျိုးချစ်စိတ်ဓါတ်ကို အထွဋ်အထိပ်သို့ မြှင့်တင်ပေးရန်ဖြစ်သည်။
(ဃ) အမျိုးသား တည်တံ့ရေးအတွက် အမျိုးသားရေး ရန်သူများကို
တိုက်ခိုက်ရန် ဖြစ်သည်။
(င ) အမျိုးသား ညီညွတ်ရေးကို အစဉ်သဖြင့် ဆုပ်ကိုင်ထားရန် ဖြစ်သည်။
ဆိုလိုသည်မှာ၊ အမျိုးသားရေးတာဝန်သည် အမျိုးသားရည်မှန်းချက်များကို
အကောင်အထည် ဖေါ်ရန်ဖြစ်သည်။
အခဏ်း(၈)
အမျိုးသားရေး ရန်သူများသည်
(က) အမျိုးသားရေးဝါဒကို ဖျက်ဆီးသူ၊ ဆန့်ကျင်သူ၊ ကန့်ကွက်သူ၊
ဆန့်ကျင်မှုကို အားပေးသူများ။ ယင်းတို့နှင့် အပေါင်း အဖေါ်ပြုသူများ။
(ခ) အမျိုးသား အကျိုးစီးပွားကို ဖျက်ဆီးသူ၊ ဆန့်ကျင့်သူ့၊
ကန့်ကွက်သူ၊ ဆန့်ကျင်မှုကို အားပေးသူ။ ယင်းတို့နှင့် အပေါင်း အဖေါ်ပြုသူများ။
(ဂ) အမျိုးသားရေးလိုအင်များကို ဖျက်ဆီးသူ၊ ဆန့်ကျင်သူ၊
ကန့်ကွက်သူ ဆန့်ကျင်မှုကို အားပေးသူ။ ယင်းတို့နှင့် အပေါင်း အဖေါ်ပြုသူများ။ တို့သည် အမျိုးသားရေး ရန်သူများဖြစ်ကြသည်။
အခဏ်း (၉)
အမျိုးသား အခွင့်အရေး
အမျိုးသားတို့၏ အခွင့်အရေးသည် အနိုင်နိုင်ငံရှိ လူမျိုးတိုင်းနှင့်၎င်း၊ နိုင်ငံတကာ လူ့အခွင့်အရေးများနှင့်၎င်း၊ ရခိုင်အမျိုး သားတိုင်း၏ အခွင့်အရေးနှင့်၎င်း တထပ်တည်း ရှိစေရမည်။
အခဏ်း (၁၀)
နိဂုံး
ယခင်က ရခိုင်ပြည်အမျိုးသားရေးဝါဒ ဆိုသည်ကို ပြဋ္ဌာန်းချက် တစုံတရာမရှိ
ခဲ့ကြ။ တစုံတဦးတွင်လည်း မရှိခဲ့ပေ။ သို့မရှိ ခဲ့သော်ငြားလည်း ယခုကား
ကျွန်ုပ်တို့ပြဋ္ဌာန်းရန် ကြိုးစားခဲ့ပြီဖြစ်၏။ ဤတွင် အလွန့်အလွန်အရေးကြီးသော အချက် များကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့သည် အမျိုးသားတည်တံ့ရေးကို
ပင် အန္တရာယ် ပြုနိုင်သော အချက်များဖြစ်သည်ကို အထူးသတိထားရမည်
ဖြစ်သည်။
ဤတွင်ပြောစရာတချက်ကျန်ခဲ့သည်မှာ အမျိုးသားအချောင်သမားများအ
ကြောင်းပင်ဖြစ်သည်။ ထိုပုဂ©ိုလ်တို့  သည် လူရို သေရှင်ရိုသေ ပုဂ္ဂိုလ်များ
ဖြစ်ကြ၏။ ပြည်သူများ၏ယုံကြည်မှုကိုလည်းရကြ၏။ ပညာလည်းတတ်၏။ အသိတရားလည်း ကြွယ်ဝ၏။ သူတပါးတို့ ကျွန်ပြုမှုကိုခံနေရကြောင်းကို
လည်းသိ၏။ ရခိုင်ပြည်သည် လွတ်လပ်သောတိုင်းပြည်တပြည် ဖြစ်ခဲ့ကြောင်း
ဖြစ်သင့်ကြောင်းကိုလည်း နားလည်၏။ မည်သို့ ပြုလုပ်လျှင် လွတ်လပ် မည်
ကိုလည်းမြင်၏။ သို့ ရာတွင် အနစ်နာခံ၍ကား အမျိုးသားရေးအတွက်အလုပ်
မလုပ်။
ထိုသို့ သောပုဂ္ဂိုလ်များကို ဓနရှင်ပေါက်စ အတွေးအခေါ်ရှိသူများဟု တရုတ်
ခေါင်းဆောင် မော်စီတုန်းက ကင်းပွန်းတပ်ခဲ့ ၏။ အခြေ အနေကောင်းလျှင်
ရှေ့ တန်းမှလာရောက်နေရာယူမည့်သူများပင်ဖြစ်ကြသည်။
ရခိုင်ပြည်သူများအတွက် တော်လှန်ရေးခေါင်းဆောင် ခေါင်းပါးခြင်းပြဿနာ Leadership crisic နှင့်ရင်ဆိုင် နေရမှုသည် ထိုပုဂ္ဂိုလ်များ ခေါင်းရှောင်နေ
ကြခြင်းကြောင့်ပင်ဖြစ်သည်။ မညီညွတ်ခြင်း ကွဲပြဲခြင်း အင်အားမဖြစ် ထွန်းခြင်းတို့ သည် ထိုသို့ သောပုဂ္ဂိုလ်များ တော်လှန်ရေးနယ်ပါယ်အတွင်းရောက်မလာ
သည့်အပေါ် များစွာတည်၏။ ပညာနည်းပါး အရည် အခြင်းမဲ့ ပုဂ္ဂိုလ်တချို့ သည်
တော်လှန်ရေးနယ်ပါယ်သို့  ရောက်လာပြီး ကာလ တောင်တာကြာသောအခါ၌ လူကြာကြီး များအဖြစ် ဟာကွက်ဖြစ်နေသောခေါင်းဆောင်နေရာကို တက်ယူ
ရန် ကြိုးစားမှုကြောင့် ဘုတ်ကိုကျီးမရိုသေ ကျီးကို ဘုတ်မလေးစား ကွဲပြားခြားနားကြရခြင်းဖြစ်ပေသည်။
ယင်းအပြင် သင်္ခန်းစာယူလိုကယူနိုင်ရန် အချက်တခုကို ဆိုပေဦးမည်။ ကချင်
တော်လှန်ရေးသမားများသည် ကွယ်လွန် သူ KIO ဥက္ကဌ မရမ် ဘရန်ဆိုင်းကို
ပြန်ပေးဆွဲလာကာ နောင်တွင်ခေါင်းဆောင်တင်မြှောက်ခဲ့ကြခြင်းဖြင့် leadership crisis ကိုဖြေရှင်းခဲ့ကြသည်ဆိုသောအချက်ပင်ဖြစ်ပေသည်။
အပွင့်လင်းဆုံးဆိုရပါမူ ယနေ့ ရခိုင်ပြည်တွင်း နိုင်ငံရေးအရ အထင်ကရဖြစ်
နေသော ပုဂ္ဂိုလ်အချို့ ကို အမျိုးးသားအကျိုးစီးပွားအတွက် ဖြစ်သင့်သည်ဟုယူ
ဆလျှင် KIO ထုံးကို နှလုံးမူသင့်သည် ဟုထင်ပါသည်။
မည်သို့သော အခက်အခဲပင်ရှိစေကာမူ အမျိုးသားရေး ညီညွတ်မှုရှိလျှင်
အမျိုးသားအကျိုးစီးပွားများ ဖြစ်ထွန်းလာမည် ကား မြေကြီးလက်ခတ်မလွဲ
ဖြစ်ချေသည်။
သစ္စာဖြင့်
ရဲဘော် ရက္ခသေန
ရခိုင်ပြည် အမျိုးသားမဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဌါန။
သြဂုတ် (၁၉)ရက်၊ ၂၀၁၁။

No comments:

Post a Comment