ရီကြိုင်ရာ မြက်နုရာနန့် အဘာ
====================
သီလားစွာထက်
ပျောက်လားစွာက
ပိုပြီးကေ နာကြင်ရရေ အဘာ --။
သုညဘဝကို
ရာဂဏန်းဖြစ်ချင်ရေ အဘာ
သကာရောင်တိုက်ပုံတထည်နန့်
လက်ဆွဲတော် အိပ်တလုံးက
အကျွန့်အသဲပြတိုက်မှာ အထီးကျန်နီယင့် --။
အဘာပီးခရေ
ငွီတဆယ်တန် တရွက်ကိုကိုင်ပျာယ်
အမင်မျက်ဝန်းမိုးခြိမ်းသံအောက်က
လက်ပြနှုတ်ဆက်ခရေ အကျွန်
ရီကြိုင်ရာ မြက်နုရာဆိုစွာ
ဝီးကွာခြင်းလို့ မသိခ --။
အမင်မျှော်လင့်ချက်
အဆုပ်လိုက်ကြွီကျလားရေ နိက
အကျွန်ကျောင်းထွက်လိုက်ရရေ
အဘာ……လို့ အော်ခေါ်သံတိ
ရိုးမကိုမကျော်နိုင်ပဲ
နှလုံးသားမှာ ဆစ်ဆီဖြစ်နီရေ အဘာ --။
နှစ်ဆန်းတရက်နိက ထွက်တေနီနန့်
ဒေနိထွက်တေနီမင်း အရသာ
ချိုချိုခါးခါး
မျိုချပစ်ဖို့ အဆင်သင့် --။
ရွှီငွီမလို အဘာ
အဘာရင်ခွင်ပြီးဝင်ထွီးပိုက်
အမင်ရင်ထဲက သမုဒယသစ်ပင်
အဘာရီစင်လောင်းစီချင်ရေ
အကျွန် သျှင်လောင်းလွန်နီပျာယ် အဘာ --။ ။
====================
သီလားစွာထက်
ပျောက်လားစွာက
ပိုပြီးကေ နာကြင်ရရေ အဘာ --။
သုညဘဝကို
ရာဂဏန်းဖြစ်ချင်ရေ အဘာ
သကာရောင်တိုက်ပုံတထည်နန့်
လက်ဆွဲတော် အိပ်တလုံးက
အကျွန့်အသဲပြတိုက်မှာ အထီးကျန်နီယင့် --။
အဘာပီးခရေ
ငွီတဆယ်တန် တရွက်ကိုကိုင်ပျာယ်
အမင်မျက်ဝန်းမိုးခြိမ်းသံအောက်က
လက်ပြနှုတ်ဆက်ခရေ အကျွန်
ရီကြိုင်ရာ မြက်နုရာဆိုစွာ
ဝီးကွာခြင်းလို့ မသိခ --။
အမင်မျှော်လင့်ချက်
အဆုပ်လိုက်ကြွီကျလားရေ နိက
အကျွန်ကျောင်းထွက်လိုက်ရရေ
အဘာ……လို့ အော်ခေါ်သံတိ
ရိုးမကိုမကျော်နိုင်ပဲ
နှလုံးသားမှာ ဆစ်ဆီဖြစ်နီရေ အဘာ --။
နှစ်ဆန်းတရက်နိက ထွက်တေနီနန့်
ဒေနိထွက်တေနီမင်း အရသာ
ချိုချိုခါးခါး
မျိုချပစ်ဖို့ အဆင်သင့် --။
ရွှီငွီမလို အဘာ
အဘာရင်ခွင်ပြီးဝင်ထွီးပိုက်
အမင်ရင်ထဲက သမုဒယသစ်ပင်
အဘာရီစင်လောင်းစီချင်ရေ
အကျွန် သျှင်လောင်းလွန်နီပျာယ် အဘာ --။ ။
(မုနိမြီမျိုးအေး)
No comments:
Post a Comment