Wednesday, 10 August 2016

ရခိုင်အစွမ်းကိုပြလိုက်ပါ

ရခိုင်အစွမ်းကိုပြလိုက်ပါ
================

ရခိုင် …
မင်းဇာမှာလဲ
ဓညဝတီမြို့ရိုးထက်က
ရထားလမ်းဖြတ်စွာကို ငေးကြည့်
မျက်ရည်ချေတိ ဝေ့နီလီလား ရခိုင် --။

ရခိုင် …
မင်းဇာမှာလဲ
ဝေသာလီကျောက်လှီကားက
သိန်ကန်မိန်တွင်ရတုကို ရွတ်ဆို
ရင်ထဲမှာ ငိုနီလီလား ရခိုင် --။

ရခိုင် …
မင်းဇာမှာလဲ
အဉ္ဇနမြစ်ကမ်းပါးက
ပျောက်လားခရေ မြို့တော်တိကိုရှာ
ခရီးလွန်နီလီလား ရခိုင် --။

ရခိုင် …
မင်းဇာမှာလဲ
ဂန္တဝင်ညွန့်ဖူး မြို့မြောက်ဦးက
ပျောက်ဆုံးလားရေ ရွှီနန်းတော်ကိုမျှော်
လွမ်းတော်မူနီလီလား ရခိုင် --။

ရခိုင် …
မင်းဇာမှာလဲ
ဟေးလေးဟားလား အပျော်ပါးနန့်
သောက်စားချိန်ဖြုန်း လူညွန့်တုန်းလို့
အသုံးမကျ ကိုယ့်ဘဝကို
ကိုယ်ကဖျက်ဆီး နီလီလား ရခိုင် --။

ရခိုင် …
မင်း၏သတ္တိ ငါရို့သိရေ
ဟိရေအစွမ်း ကမ္ဘာလွှမ်းအောင်
စွမ်းဆောင်ပြလိုက်ပါ ရခိုင် --။

(ခိုင်ရန်သျှင်း)

No comments:

Post a Comment