မေ့အတွက် မငိုယှိုက်လီကေ့ ဓညဝတီ
==========================
ညှာစိမ်းဖြူ အစွာအမှားအယွင်းတိ ကျူးလွန်ခမိလို့လဲ မောင်းမောင်။ ညှာစိမ်းဖြူကို မုန်းပလိုက်ယာ၊ မိန့်ပလိုက်ယာမနှန်း။ မိုးညိုမှိုင်း ဆို့ဆိုင်းပြီးကေ တဟိန်းမားမားနန့် မြင့်မားရှည်လျားလှရေ ညှာစိမ်းဖြူရို့ အစဉ်လိုလိုပိုင် လွှမ်းချုပ်စီးမိုး နိုင်လှရေ။ နွယ်ချိုဖိုးခေါင် ပြည်ခြား တောင်ကြီးစွာ မှုန့်မှုန့်ညက်ညက် ကြီးကျယ်လားဖို့ မလွယ် ကူရေပိုင် မောင်းမောင်ကို ချစ်ကြင်စွဲလန်းမိ ရေ ညှာစိမ်း နှလုံးသားတိလေ့….။ နီမင်းကြီးကို တစွဲလန်းလန်းနန့် ကြည့်မဝရှုမဝဖြစ်နိန်ရေ ပန်းပွင့်သျှေအဖို့ ကံကြမ္မာအလျောက် ညဥ့်ရောက်ရရေအခါမှာ မိုးအယင်ပြန်လင်းလို့ နီမင်းကြီးပြန်ထွက်လာဖို့ အရေးကို စောင့်မျှော်ရရေပိုင်….။ နီမင်းကြီးပိုင် မကြာမကြာခွဲလားတတ်တေ မောင်းမောင်ကို ညှာစိမ်းဖြူ မျှော်ခရရေ ရက်တိလတိစွာ အစွာလောက်ထိ များပြားခယာလဲဟင်။ ဒေတစ်ခါစောင့်မျှော်ရရေ အချိန်တိက
ခွဲခွာရရေအချိန်တိက……အို….မျှော်လီတိုင်း….ဝီး..ဝီး…ဝီး…။ ညှာစိမ်းဖြူရို့ကို အမြဲအစဉ် စိုးမိုးနီရေ နွယ်ချိုဖိုးခေါင် ပြည်ခြားတောင်ကြီးစွာ မဟီရနဒီ ကမ်းခြီတနီရာက မဟီမြို့သူ ညှာစိမ်းဖြူနန့် ဂစ္ဆပနဒီ ကမ်းခြီတနီရာက ဓညဝတီနေပြည်တော်သား မောင်းမောင်ရို့နှစ်ယောက် ကြားထဲကို ဝင်ရောက်ဆီးတားလားခယာလားလို့ တွေးထင်မိလားယာ မောင်းမောင်။
(၂)
အမှန်ဆိုကေ ညှာစိမ်းဖြူစွာ ရွင့်ကျပင်ပေါက်၊ ရီမျောကမ်းတင်ပါ။ ရိုးလှသန္တာလို့ ခေါ်ရေ ဒေထမင်းဆိုင်ကြီးမှာ တောက်တိုမယ်ရ လုပ်ရသူတဦးရာ။ ညှာစိမ်းဖြူရို့ ရိုးလှသန္တာစွာ မဟီမြို့သျှေမှာ ထိပ်ထိပ်ကြဲပ။ အော်….. ပြောရဖို့သိ။ ညှာစိမ်းဖြူရို့ မဟီမြို့သျှေစွာ သမန်ကာလျှံကာ မဟုတ်ပါနန်း။
မောင်းမောင်ရို့ ဓညဝတီရွှေပြည်ကြီးကနီ တောင်စဉ်ခုနှစ်ခရိုင်နယ်မြီကို ဖြတ်ကျော်လာရေကမ်း။ ညှာစိမ်းဖြူ ဒေမဟီမြို့သျှေက နိန်ပြီးကေ မြင်နိန်ရရေ နွယ်ချိုဖိုးခေါင် ပြည်ခြားတောင်ကို ဖြတ်ကျော်လို့ ထိုးတဖက် သရေခေတ္တရာပြည်ကြီးကို လားရေကမ်း၊ ယေပြီးကေ ဒေမဟီမြို့သျှေကလေ့ တောင်ဖက်စူးစူးကို ရှိဆိုင်ပြုလို့ လာမ္ဗုတနဒီ၊ မဟူရနဒီရို့ကို ဖြတ်သန်းလို့လားကေ ဒွါရာဝတီမြို့ကြီးနန့် တိုက်မိ၊အက်မိရေလတ်။ ဆိုလိုချင်စွာက ညှာစိမ်းဖြူရို့မြို့သျှေစွာ ဓညဝတီကလာရေလမ်း။ ဒွါရာဝတီကလာရေလမ်း၊ သရေခတ္တရာကလာရေလမ်း။ အေး…ယင်းလမ်းတိ ကြုံရာဆုံရာ ခရီးကြုံလမ်းဆုံ မြို့သျှေတမြို့ရာ။ နွားဝန်တင်၊ ကုန်သည်တိစော် ဒေလမ်းတိကို အသုံးပြုလို့ ဓညဝတီ၊ ဓညဝတီက ဒွါရာဝတီ၊ ဒွါရာဝတီက ဓညဝတီ၊ သရေခတ္တရာကို လားကတ်တေအခါမှာ ဒေညှာစိမ်းဖြူရို့ မဟီမြို့သျှေကို ဖြတ်လားဖြတ်လာ လုပ်ရမြဲပ…။
နံပါး ဘေးတဖက်တချက်မှာ ဝန်စလွယ်တိ တွဲလွဲဆွဲသယ်ယူလာရေ ဝန်အတင် နွားအုပ်တိ မဟီမြို့ထဲကို ဝင်လာသံတိ၊ ထွက်လာသံတိရို့ကို နိနန့်အမျှ၊ ညနန့်အမျှ မကြားချင်းအဆုံး နွားငေါက်သံ၊ နွားခလောက်သံ၊ နွားကြူသံတိ တညံညံနန့်ပ…။ ယင်းစွာရို့ မဟီမြို့ကို ဝင်လာရေ၊ ထွက်လားရေအခါမှာ ဖုတ်တထောင်းထောင်း၊ ဖုန်တထူထူ ထနိန်လိုက်တေဟာ။ နှင်းလား၊ မြူလား၊ မိုးလားလို့ ထင်မှတ်ရရေလေ။ ယေနွားဝန်တင်ကုန်သည်တိ စခန်းချရေနိန်ရာစွာ ညှာစိမ်းဖြူရို့ ရိုးလှသန္တာနန့် ခွီးတဟောင်လောက်ရာ ဝီရေဒေ။ အေပိုင် နွားဝန်တင်ကုန်သည်အုပ်တိ ရောက်လာရေဆိုကေ ညှာစိမ်းဖြူရို့ ရိုးလှသန္တာ ထမင်းဆိုင်ကြီးစွာ လက်ပံပင် ဇရက်ကျရေပိုင်ပ…။ ညှာစိမ်းဖြူရို့ အလုပ်သမတိဆိုကေ ရက်ကန်းစင်ထက်က ရွန်းသီးပိုင်လေ။ ယင်နားလို့ ခါချဖို့တောင် လက်မအားနိုင်။
ဒေမဟီမြို့သျှေကို ရောက်ယင့်သားနန့် ရိုးလှသန္တာကိုမရောက်ခကေ တပြည်သား အာဂန္တုတိအဖို့ အကြီးအကျယ် ညံ့ရာဖျင်းရာကျရေလို့ အပြောအဆိုခံရရေလတ်။ ရိုးလှသန္တာက နိန်ရာထိုင်ခင်းက လွန့်လွန့်သာသာနန့် ကောင်းကောင်းကျယ်ရေ။ အစားအသောက်ကလေ့စုံရေ။ တည်းခိုးနားနိန်အိပ်စက်ဖို့ နိန်ရာထိုင်ခင်းတိကလေ့ ပေါရေ။ ညောင်လို့ညာလို့ အနှိပ်ခံချင်ရေဆိုကေ အနှိပ်သည်ကလေ့ အဆင်သင့်။ ယေပြီးကေ အဆိုသည်အကသည်ရို့ ဖြေဖျော်မှုကိုလေ့ရနိုင်သိရေလေ။ သြော်…….အရေးကြီးစွာတခု ပြောဖို့ကျန်သိရေ။ ယင်းစွာက ညှာစိမ်းဖြူရို့ ရိုးလှသန္တာထမင်းဆိုင်ကြီးကို ညှာစိမ်းဖြူရို့က ယိုင်းယိုင်ရိုးလှသန္တာလို့ ခေါ်ကတ်တေ။ ခရီးသည်အာဂန္ဒုတိက အမရိုးလှသန္တာ၊ အစ်မကြီးရိုးလှသန္တာလို့ ခေါ်ကတ်တေ။ မိန်းမသားတဦးက ပိုင်ဆိုင်စွာပါ။ ရိုးလှသန္တာက ပါးရေ၊ နပ်တေ၊ လျင်ရေ၊ ထက်တေ၊ ပျူငှာရေ၊ လောကဝတ်ကျီရေ၊ အာဂန္ဒုရို့၊ ခရီးသည်ရို့တိ အရွယ်၊ စရိုက်၊ ဓလေ့ အရာရာကိုလိုက်လို့ ပြောတတ်ဆိုတတ် ဆက်ဆံတတ်လာရေ ယိုင်းယိုင်ရိုးလှသန္တာမှာ ညှာစိမ်းဖြူရို့က ဘေးဘေငပိန်တောလို့ခေါ်ရေ အိမ်ဦးနတ်ဟိရေ။ ဘေးဘေးငပိန်တောက အီးဆီးရေ။ နှုတ်လီးရေဆိုတော့ လူတိအမြင်မှာ ယိုင်းယိုင်ရိုးလှသန္ဒာစွာတမိုးလုံးမှာ ဖျောက်ဆိပ်၊ ဘေးဘေးငပိန်တာကို လွှမ်းမိုးနိန်ရေပိုင်လေ။ ယိုင်းယိုင်ရိုးလှသန္ဒာစွာ သူ့လက်ကျနိန်ရေဆိုတော့ ဘေးဘေငပိန်တောကို ဖုတ်လီရေငပိ ဟိဖို့မသိလို့ ဆိုချင်ရေလေ။
အင်း…..အင်း…..အင်း……ပြောလက်စနန့် ပြောရဖို့ဆိုကေ ပေါ့ပေါ့ပါးပါးနန့် သွက်လှချက်ချာရေ ညှာစိမ်းဖြူကို ယိုင်းယိုင်ရိုးလှသန္တာမှာ သမီးလို့ တချို့က ထင်ကတ်တေ။ အမိတူသမီးသျှေ ထီးတန်နန်းတန်၊ အချောအလှလို့ မြှောက်သူတိ၊ မြွက်သူတိ ဟိကတ်ပါယင့်။ ရင်းနှီးရေအမူအရာနန့် နပ်ကတ်၊ စကတ်၊ ကျီစားကတ်နန့် ခါးထပိန်လွန်စ ညှာစိမ်းဖြူအဖို့ ချော်လဲရာထိုင်ချ ရှက်ကိုးရှက်ကန်နန့်ပ။ ယိုင်းယိုင်ရိုးလှသန္တာက ယပိုင် နပ်ကတ်၊ ပြောင်ကတ်၊ သွန့်ကတ်စော်ကို ကျီနပ်တေပိုင်
အမူအရာနန့်ပ။ အဲ……လူကွယ်ရာကိုရောက်တေဆိုကေ….ဟင်း….နို့နံ့တောင်မစင်သိ၊ လင်ယှာရှာ၊ လင်းပြန်တက်ချိန်နီယာ လားလို့ အစချီ မြည်တွန်တောက်တီးလိုက်စွာက ဝါးရောင်းတော မီးလောင်ရေပိုင်။ ယိုင်းယိုင်ရိုးလှသန္ဒာက အပြင်ပန်းက ကြည့်ကေ သဘောချိုမနောချိုပ။ အတွင်းက အထဲမှာဆိုကေ ကျီးအာသီးပိုင်၊ လက်ထုတ်သီးပိုင်၊ သပွတ်အူပိုင်လို့ ဆိုရဖို့လားမသိ။ ခရီးသည်တိ၊ အာဂန္တုတိပါးက ဆုကြေးလာဘ်ကြေးအဖြစ် ဖေသာစကေတဘွေပီးလို့ ယူမိကေ ယိုင်းယိုင်ရိုးလှသန္တာ မိုးမီးလောင်ယာလို့မှတ်။ ညှာစိမ်းဖြူ သိက္ခာနန့် ယိုင်းယိုင်ရိုးလှသန္ဒာက ပစ်ယာလို့မှတ်။
ဆွီမဟိမျိုးမဟိ အရပ်တပါးက လွင့်ကပါးရောက်လာရေ အနာသည်တပိုင်း မုဆိုးမတဦး၏ တကောင်ကြွက်သမီး ညှာစိမ်းဖြူအဖို့ အစွာ အာပြန်၊ နုတ်ပြန် ပြောဝံ့ပါဖို့ရောင်။ ယိုင်းယိုင်ရိုးလှသန္တာ စိတ်ရူးပေါက်လို့ နှင်မထုတ်ဖို့အရေးကိုရာ ကြိတ်လို့မှိတ်လို့ဆု တောင်းရစွာ တပင်တပန်းပ။
အလုပ်နားလို့ အိမ်ပြန်ခွင့်ရမှ အဖိုးကတိုးအောင် အဘောင်ဒါဦးဖြူ အိမ်ကိုဝင်လို့ အားရပါးရ တတိတ်သျှေငိုရမြဲပါ။ အနာသည် အမိသိလို့ စိတ်ညစ်ပြီး ရောဂါပိလာဖို့စော်ကိုလေ့ စိုးရိမ်ရသိရေ။
အဖိုးကတိုးအောင်ရို့ လင်မယားကလေ့ ညှာစိမ်းဖြူရို့ပိုင်ယှောင် တရပ်တကျေးက လွင့်မျောလာရေလူတိ။ ယိုင်းယိုင်ရိုးလှသန္တာပါးမှာ အလုပ်လုပ်နိန်ရရေလူတိ။ အဖိုးကတိုးအောင်လင်မယားက ရိုးလှသန္တာထမင်းဆိုင်ကို ရောက်လာရေ ခရီးသည်တိနန့် မြင်းတိ၊ ဆင်တိ၊ နွားတိ ဒဏ်ရာအနာတရ နာမကျမ်းဖြစ်လို့လာကေ ဆီးကုသပီးရရေ ဆီးဆရာ။ သူရို့ကိုယ်၌ကလည်း သားမဟိမြီမဟိ ဆွီမဟိမျိုးမဟိလို့ ယိုင်းယိုင်ရိုးလှသန္တာကို အားထားနိန်ရရေ။ ဇရာဒုဗ္ဗလလင်မယား၊ ညှာစိမ်းဖြူအမိက မီးယက်နာတချောင်ချောင်နန့် သီလူတပိုင်း၊ အို…ညှာစိမ်းဖြူ အသူ့ကို ပုံလို့ အားကိုးရဖို့ရောင်…..။ ယေပိုင်အေပိုင်ဖြစ်နိန်ရေအချိန်မှာ ညှာစိမ်းဖြူအဖို့ အားကိုးအားထားပြုကေ ရဖို့လို့ထင်ရရေ… လူတယောက်အာကာထက်က ကျလာရေပိုင် ဘွားကနဲပေါ်လာရေလေ။ သူ….သူ…သူက မောင်းမောင်။ ဓညဝတီနေပြည်တော်က ရောက်လာနိန်ကျ မောင်းမောင်။ ညှာစိမ်းဖြူ ရင်လှိုက်သည်းဆူဝေအောင် ချင်ကြင်ရပါရေ အို ….မောင်းမောင်….။
တရက်တနိမှာ အလုပ်က ပင်ပန်းနွမ်းရိစွှာနန့် အိမ်ကို အပြန်လမ်းတပိုင်းမှာ အငွိတထောင်းထောင်းထနိန်ရေ အင်ပုပ်တလုံးကို ပွာတောင်းတလုံးမှာထည့်လို့ ဂေါင်းထက်မှာရွက်လို့ ကယိုင်ကပါးလားနိန်ရေ အဘောင်ဒါဦးဖြူနန့် ညှာစိမ်းဖြူ ထက်ပင်ရင် ဆိုင်တွိ့မိရေ။ ဟိုစပ်စပ် ဒေစပ်စပ်လုပ်တတ်တေ ညှာစိမ်းဖြူ စုံးစမ်းကြည့်ရေခါ ခရီးသည် တယောက်၏ မြင်းတကောင် ဒဏ်ရာအနာတရ ဖြစ်နိန်စော်ကို ဆီးလူးဖို့၊ ဆီးကျံဖို့ အတွက် ဆီးမြတ်ဆီးထွက်ရို့ ပေါင်းလာရေ ဆီးအိုးလတ်။
မင်းစောင်းထဲမှာ အဖိုးကတိုးအောင်စွာ ယင်းမြင်းကို အရေးပေါ်ဆီးကုနိန်ရေလတ်။ အဂု ယင်းကိုလားစွာလတ်။ ဂု
ညှာစိမ်းဖြူက အဖိုးရို့အဘောင်ရို့ကို ကူညီနိန်ကျဆိုခါ ပြုစုဖို့၊ ယုယဖို့၊ ဆီးကုဖို့ကို ဝါသနာခပ်ပါပါဆိုတော့ ညှာစိမ်းဖြူက အယိုင်ပါလေ။ ညှာစိမ်းဖြူက အဘောင်ဒါဦးဖြူပါးက ဆီးအိုးတောင်းကို ဆတ်ကနဲပြောင်းယူပြီး ဂေါင်းထက်မှာတင်လို့ ရှိက စောက်စောက်နန့် လားခယာ။ အဘောင်ဒါဦးဖြူကို ဝါးတရိုက်နှစ်ရိုက်လောက် ချန်ပစ်ခရေလေ။
မြင်းစောင်းထဲက နာကြင်လို့အော်ရေ မြင်းသံ၊ စုတ်သတ်ချော့မော့သံကို ကြားရရေ အခါမှာ ညှာစိမ်းဖြူ တွိချင်မြင်ချင်ဇောနန့် မြင်းဇောင်းထဲကို အလျင်စလိုဝင်လိုက်ခါ အပြင်ကို ထွက်လာရေ လူတယောက်နန့် ရင်ဆိုင်တိုးမိ၊ တိုက်မိ…..။
အီးယောင်လေ…….ဆီးအိုးတောင်း စကေသျှေစောင်းလား…၊ ယင်းလူက ဆီးတောင်းကို ကပျာကယာ ဖမ်းယူလို့ချ။
အေး…ချပြီးကေ ညှာစိမ်းဖြူ ယင်းလူကို ဆတ်ကနဲ စောင်းကြည့်လိုက်တေခါမှာ…….. “ယာ….”
ညှာစိမ်းဖြူ အလန့်တကြားနန့် အပြီးတပိုင်း အပြင်ကို ပြန်ထွက်မိတော့ အထဲကိုဝင် လာနိန်ရေ အဘောင်ဒါဦးဖြူနန့် ရှိဆိုင်အက်မိ..။
“ယော်…ဒေမေးမေသျှေ ဘဇောင်ဖြစ်နိန်ရေလဲ…။ ကျားနန့်တွိလို့လား…။ လင်လျာနန့်တွိလို့လား….” “အာ….အဘောင်ကလဲ…”
အဘောင်ဒါဦးဖြူ ပြန်တိုးသွင်းခံရရေ ညှာစိမ်းဖြူစော် ဘေးဘီကို မကြည့်မိအောင် အားထုတ်ယင်းနန့် ရှုပ်ယှက်ခတ်အလုပ်များနိန်ရေ အဘိုးကတိုးအောင်နားကို ကပ်လားမိရေ.။
မြင်းစော် တကိုယ်လုံး ပွန်းပဲ့နိန်လို့လားမသိ။ တကိုယ်လုံး သွီးတိနန့်ပ။ စွန်းစိုနိန်ရေလို့ ဆိုချင်ရေလေ.။ ဘယ်ဘက်ခြီထောက်
မထောက်နိုင်စွာကို တွိရရေ။ ဒေမြစ်က မဟီမြို့နန့် တဥဿဘလောက်မှာ ကောင်း ကောင်းမနက်တေချောင်းထဲကို လူးကျလားရရေလို့ မြင်းပိုင်သျှင်က ဆိုရေကား.။
အဖိုးကတိုးအောင်က ဆီးကုစွာမှာ အရိုးနန့်စပ်လို့ဟိကေ ကောင်းကောင်းကျွမ်းရေလို့ပြောကတ်တေ။ တိရစ္ဆာန်တိကိုထားလိုက်ဖိ။ လူတိကိုတောင် ကုသစော်ကို မြင်ဖူးရေ။
အဖိုးကတိုးအောင် အစဦးတုန်းက လူကုရေ ဆီးသမားဆိုရေ။ ယေဒါလေ့သော့ မြင်းသျှင်က သူ့မြင်းအတွက် ဘဇောင်ဘဇောင် စိုးရိမ်နိနန်ရေမသိ။ သရေခတ္တရာကို လားရဖို့ခရီးကို အပျက်ခံလို့မဖြစ်။ မြင်းသမားတစီးငှါးလို့ လားရဖို့ကျနိန်ယာဟန်လို့ ပြောစော်ကိုလေ့ ကြားလိုက်ရသိရေ။
သူက ဓညဝတီနေပြည်တော်သားလေ။ နွားဝန်တင်ကုန်သည်အုပ်စုနန့် ပါလာနိန်ကျယေ။ ယဒါလေ့သော့ သူစော် ကုန်သည်လေ့ မဟုတ်။ ဝန်တင်နွား လုပ်သားလေ့မဟုတ်။ လုလင်ကျော်လတ်။ လုလင်ကျော်ဆိုစော်က တောတောင်ကန္တာရခရီးကြမ်းတိမှာ နွားဝန်တင်အုပ်စုတိ လားလာရေအခါမှာ သားရဲတိရစ္ဆာန်ရန်တိကို ကာကွယ်တားဆီးပီးရရေ အငှားလိုက်စ်သားလတ်။ နွားဝန်တင်ကုန်သည်တအုပ်မှာ ယေပိုင် လုလင်ကျော်တိ လေးငါးယောက် ထက်မနည်း ပါရေဆိုကာ။
ယင်းပိုင်ယှောင် လုလင်ကျော်တိထဲမှာမှ ညှာစိမ်းဖြူက သူ့ကိုရွီးလို့ မှတ်မိနိန်ရေဆိုစော်က…။ ယပြီးကေ သူနန့် ရင်ဆိုင်ထက်ပက်တွိ့ဖို့စော်ကို တီကိုဆားနန့်တို့ရေပိုင်…အို……….ကိုယ့်ကို မိန်းခွန်းမထုတ်ချင်လိုက်တေ။ ယေလူကို ညှာစိမ်းဖြူသိနိန်ရေ။ သူ့နာမည်က ငဝါနှောင်း…။ သူနန့် ဘောဘောတီတီတွဲနိန်ကျ ငတောမောင်၊ ငဝါနှောင်းက မိန်းမချောချောရေလို့ ဆိုရဖို့လား…။ ယေဒါလေ့သော့ မယူမတော့ မဟုတ်ပါနှမ်း။ မိန်းမသားတိ စွဲမက်လွယ်ရေ ရုပ်ရည်မျိုး။ ငတောမောင်ကျတော့ ကျောက်တုံးကို အကြမ်းတုထားရေ ဘီးလူးရုပ်ပိုင်။ ပန်းချီပညာနန့်ကြည့်ကေ ငဝါနှောင်းက အနွဲ့အပျောင်း၊ ငတောမောင်က အခိုင်အမာ…။
လိုရင်ကို ဆိုပါမေလေ…။ ယေဓညဝတီနေပြည်တော်မှာ ငဝါနှောင်းစော် ညှာစိမ်းဖြူ၏ နှလုံးသားထဲမှာ ဘဇောင်
အချိန်ကပင် ဝင်ရောက်နိန်ရေလဲမသိ။ ငဝါနှောင်းကိုပဲ တစွဲမက်မက်နန့် တငွိငွိဖြစ်နိန်စော်က ဇာပိုင်လဲမသိပါနှမ်း။
ယော အဂုတော့ အိပ်မက်ထဲက ရွှေမင်းသားသျှေ။ ညှာစိမ်းဖြူ၏ ပုဝါတကမ်းမှာ ဟိနိန်ယာလေ။
ညှာစိမ်းဖြူအစွာပိုင် ဖြစ်နိန်ယာရောင်…။ နတ်ဝင်နိန်ရေ နတ်ဆရာမပိုင်…ယှောင်လားလို့…..။ အဖိုးနန့် အဘောင်က ညှာစိမ်းဖြူအဖြစ်ကို သတိတောင် ပြုမိဖို့မဟုတ်။ မြင်းဒဏ်ရာတိကို ဆီးလူးလိုက်၊ ဆီးကျံလိုက်၊ ဆီးရည်ပိတ်ဖဲ့အုပ်လိုက်၊ စည်းချိုင်လိုက်၊ မြင်းကိုချော့လိုက်နန့် မြင်းကလေ့ အထိမခံ ရွှေပန်းကန်ဖြစ်နိန်ရေ…။
ယေအထဲမှာ အဖိုးနန့် အဘောင်ကို ကူညီနိန်ရေ ညှာစိမ်းဖြူက အလွဲလွဲအချော်ချော်။ တချိန်မှာ အဖိုးက
စိတ်မရှည်လို့ ဟောက်လိုက်တေ။ ညှာစိမ်းဖြူက လန့်ဖြန့်လို့ နောက်ကိုဆုတ်။ မြင်းကိုတိုက်မိ။
မြင်းက လန့်ပြီးကေ ရှိခြီတဘက်နန့် ကျောက်ကန်။ ငဝါနှောင်းက ညှာစိမ်းဖြူကိုယ်ခန္ဓာသျှေကို စွေ့ကနဲ ပွေ့ချီဖယ် ထုတ်လာ…။ အမိယေလေ ကောင်းကောင်း….ဘုရား…ဘုရား….ဘုရား….ပြောနိန်စော်တောင် ကြားဖို့ယာ။ ငဝါနှောင်းလှုပ်ယှားလိုက်စော်က လျှပ်တပြက်စာထက် အဆ ရာထောင် မြန်ရေလို့ ဆိုရိဖို့လားမသိ။
ညှာစိမ်းဖြူ အကြောင်းပြေလို့ ဝန်းကျင်ကို သတိပြုမိရေအချိန်မှာ ငဝါနှောင်းရင်ခွင်ထဲမှာ….။ အို.ညှာစိမ်းဖြူ
ရှက်လိုက်တေ။ ယေရင်ခွင်ထက်က ရုန်းထွက်ပြီးကေ ပိဘိ ယိုင်ယိုင်ထိုင်ချလို့ ငိုလိုက်မိရေ…။
ယေပိုင် ယေပိုင်နန့် နောက်ဆုံးမှာလေယေ…ငဝါနှောင်းဆိုရေလူနန့် ညှာစိမ်းဖြူစော် ချစ်သူရည်းစားအထိ
ဖြစ်လားကတ်တေ…။ ငဝါနှောင်းစော် ညှာစိမ်းဖြူအတွက် မောင်းမောင်၊ မောင်းမောင်ဆိုရေ…အခေါ်အဝေါ်တခု ဖြစ်ထွန်းစီရေပ…။
ခိုးဝှက်လို့စားရရေ အသီးက ပိုလို့ချိုမြိန်နိန်ရေလားမသိ…။ မောင်းမောင်ငဝါနှောင်း ရိုးလှသန္တာထမင်းဆိုင်ကို ရောက်လာလို့ဟိကေ ယိုင်းယိုင်ရိုးလှသန္တာ မရိပ်မိအောင် မသိအောင် ခိုးကြောင်ခိုးဝှက် စွန့်စားမှုများစွာနန့်….မောင်းမောင်ငဝါနှောင်းနန့်တွိ့ရအောင် ညှာစိမ်းဖြူ အားထုတ်ရစော်က ကမ္ဘာလောက် ကြောက်ဖို့ကောင်းရေ။ ကမ္ဘာလောက် ပျော်ဖို့ကောင်း၊ ကစားကွက်တခုပိုင်ဆိုင်ရဖို့လား…။
ဇာခါ ယိုင်းယိုင်ရိုးလှသန္တာ တွိ့လားဖို့လဲ။ ဇာခါ ယိုင်းယိုင်ရိုးလှသန္တာ ရှိဆိုင်တိုးမိဖို့လဲနန့် တကြောက်ကြောက်။ မောင်းမောင်ငဝါနှောင်းကလေ့ ညှာစိမ်းဖြူနန့် တွိ့ရဖို့အရေးကို ဇိုင်းကောင်းက ချောင်းနိန်ရေ ကျားတကောင်ပိုင်။ အကွက်ကောင်းကိုကြည့်နိန်ရေဆိုစော်ကို အစက သဘောမပေါက်မိခ…။
ယေပိုင်ယေပိုင်နန့် တဖြည်းဖြည်း တခုထူးခြားနိန်ရေပိုင် တွိလာရေ…။ ယိုင်းယိုင် ရိုးလှသန္တာစော
ညှာစိမ်းဖြူအပေါ်မှာ ဆက်ဆံရေး ပျော့ပျောင်းလာရေလားမသိ။ နောက်ပြီးကေ မောင်းမောင်ငဝါနှောင်း ဟိရေနိန်ရာဖက်ကို အတလိ အတမင် ယမေရှာလို့ လွတ်လွတ်ပီးကေ ဟိုချင့်ခိုင်း ဒေချင့်ခိုင်း လုပ်နိန်ရေလားလို့။ ညှာစိမ်းဖြူ ဒေဟာထက်ပိုလို့ မစီစစ် မတွက်ဆမိ။ မောင်းမောင် ငဝါနှောင်း ဘက်မှာဆိုကေ.. မောင်းမောင် ငဝါနှောင်းနားမှာဆိုကေ ညှာစိမ်းဖြူအဖို့ ကြည်အေးသကာဆိုက်။
ဘဇောင်ပိုင်ဆိုဆိုလေ…။ မောင်းမောင် ငဝါနှောင်းနန့် ညှာစိမ်းဖြူရို့ရင်းနှီးမှုစော် အညာရီက ရီပိုင်ကားလို့ နှိုင်းစော်ထက် ပိုလို့နှိုင်းစရာ ဟိဖို့မထင်…။ ဓညဝတီကပဲလာလာ ဒွါရာဝတီကပဲလာလာ သရေခတ္တာကပဲလာလာ ညှာစိမ်းဖြူအတွက် အဖိုးမတန်တာလေ့ လှပရေ။
ဆန်းပြားရေ လက်ဆောင်သျှေတိ မောင်းမောင် ငဝါနှောင်း ယူလာမြဲပါ။
ယေပြီးကေ မောင်းမောင်ငဝါနှောင်းစော် သူလားခလာခရေ ခရီးလမ်းတိမှာ တွိခကြုံခစော်တိကို
ပြောပြစော်မှာ တခါနန့် တခါ၊ တချိန်နန့်တချိန် မထပ်။ မောင်းမောင်ငဝါနှောင်း ပြောစော်တိက အများကြီး။ ယင်းစော်ထဲမှာ ပျူလူမျိုးတိ သရေခတ္တရာပြည်က ဘောဘောကြီး၊ ဘေးဘေးကြီးဘုရား၊ ကမ်းရံလူမျိုးတိ ဒွါရာဝတီပြည်က ရပ်တော်မှု ရွှေစင်ရုပ်ပွါးတော်၊ မောင်းမောင်ရို့ ဓညဝတီနေပြည်တော်က မဟာမုနိရုပ်ရှင်တော် ဘုရားတိအကြောင်းကို ပိုလို့ မှတ်မိနိန်ရေလား မသိ။
ယပြီးကေ ဒွါရာဝတီ တောင်စဉ်ခုနှစ်ခရိုင် ညှာစိမ်းဖြူရို့ မဟီမြို့သျှေဆိုစော်က ဓညဝတီရွှေနန်းတော်၏ ထီးရိပ်ထဲမှာလတ်။ သရေခတ္တရာပြည်ကတော့ တထီးတနန်း၊ တတိုင်းတပြည်လတ်။ နောက်ပြီးကေ မောင်းမောင်က ကိုယ့်မိခင်စကားအပြင်၊ ပျူစကားရို့၊ ကမ်းရံစကားရို့ကိုလေ့ တတ်သိရေ။ ယင်းစော်တိကို ညှာစိမ်းဖြူ စိတ်မဝင်စားပါ။
သြော် ပြောရဖို့သိ။ ယိုင်းယိုင်ရိုးလှသန္တာလေ့ ကိုယ့်ဘာသာစကားအပြင် ပျူစကား၊ ကမ်းရံစကားတတ်ရုံမက မွန်စကား၊ လင်းကဲစကား၊ သက်စကား၊ မြိုစကား၊ ချင်းစကားတိကိုလေ့ ရည်ရည်လည်လည် တတ်သိရေ။ ယိုင်းယိုင်ရိုးလှသန္တာကို အာဂမိန်းမလို့ ပြောရဖို့။ ရိုးလှသန္တာထမင်းဆိုင်ကိုရာမကသိ မဟီမြို့ကို ဇောင်ပိုင်လူမျိုးပဲရောက်ရောက် သူရို့စကားကို သူရို့ပိုင် အမှုပွတ်လို့ ပြောဆိုဆက်ဆံရေးမှာ ကိုယ့်ဘာသာ စကားပြောရေပိုင် မွှတ်နိန်ေရလေ။ ယင်းစော်ကြောင့်လဲ ယိုင်းယိုင်ရိုးလှသန္တာနာမေကို မသိသူ ခပ်ယှားယှား။ မဟီမြို့ကို
ရောက်ဖူးသူဆိုကေ ယိုင်းယိုင်ရိုးလှသန္တာနန့် မတွိဖူးသူ ခပ်ယှားယှား။
ပြောလက်စနန့် ပြောရဖို့ဆိုကေ မောင်းမောင်ငဝါနှောင်းဟာ သူရို့ဓညဝတီနေပြည်တော်နန့် ကျလာကေ
ဘောရိခပ်ကြီးကြီး။ ဓညဝတီနေပြည်တော်စော် တာဝတိံသာနတ်ပြည်နန့် နင်လားငါလားလို့ ပြောလိုပြော။ ပဒေသာပင်ပေါက်တေ ဥတ္တရဂူရုကျွန်းနန့်တူရေလို့ ဆိုလိုဆို။ အတိုင်းအတိုင်း အပြည်ပြည်ကလာကတ်တေ ပင်လယ်ကူး ရွက်သင်္ဘောကြီးတိ အကြောင်း၊ တိုင်းပြည်စုံက လူမျိုးစုံရောက်ပြီးကေ ဝန်မျိုးစုံကုန်မျိုးစုံ ရောင်းဝယ်ကတ်တေ ဈီးကြီးတိအကြောင်း၊ သျှင်ဘုရင်စံမြန်းရေ ရွှေနန်းတော်ကြီးအကြောင်း ကြည့်လို့မဝ၊ ရှုလို့မဝရေ မင်းခမ်းမင်းနားတိ ပွဲလမ်းသဘင်တိအကြောင်း၊ ကြီးသွန်းရုံကြီးတိ၊ ရွှေပန်းထိမ်ရုံကြီးတိ၊ ဒင်္ဂါးရုံကြီးတိအကြောင်း အို….စုံလို့စုံလို့၊ မောင်းမောင် ဓညဝတီအကြောင်းကို ပြောနိန်စော်နန့်ပဲ ညှာစိမ်းဖြူ ဓညဝတီကို လားချင်စိတ်၊ ဓညဝတီမှာနိန်ချင်စိတ် ထောင်းထောင်း ပေါက်လာရေ။ ဓညဝတီကို မောင်းမောင်နန့် လိုက်ချင်ရေ။ မောင်းမောင်နန့်အတူ ဓညဝတီမှာအတူနိန်ချင်ရေ
ဆိုစော်တိရေ ညှာစိမ်းဖြူ မောင်းမောင်ဘက်မှာ ပူဆာရေပ။ ဇာပိုင်မှန်းလေ့မသိ။ လူကို ရယ်စရာ မှတ်နိန်လား။ ကြည့်…..တရယ်မောမောနန့် မောင်းမောင်စော် ဓညဝတီ။
ဓညဝတီစော် မောင်းမောင်လေ။ မောင်းမောင်နန့် နိန်ရစော်ကို ဓညဝတီမှာနိန်ရေလို့မှတ်။ မောင်းမောင် တခုခု ဖြစ်လားကေ ဓညဝတီစော် တခုခုဖြစ်လားရေလို့မှတ်၊ ကြားလာ မေးမေသေ၊ျှ။ သြော် အစွာတိလပြောနိန်ရောင် မောင်းမောင် ပန်းဝှက်စော်ကို ညှာစိမ်းဖြူမသိပါ။ ဆောင်းကြိုမိုးနှောင်း လီပြင်းတိုက် မိုးပြင်းရွာနိန်ရေ တညဦးမှာ တကိုယ်လုံး ဖိုင်ဖိုင်စွတ်နိန်ရေ မောင်းမောင် ငဝါနှောင်း၊ ညှာစိမ်းဖြူရို့ အိမ်ကုတ်သျှေကို ရောက်လာရေ။ ညှာစိမ်းဖြူ အိမ်ကုတ်သျှေထက် ရောက်စော်နန့် မောင်းမောင် ငဝါနှောင်းစော် တခါတည်းနန့်ယာ လဲလားခရေလေ။ အီးယောင်လေး….မောင်းမောင်စော် တကိုယ်လုံး ခိုက်ခိုက်နန့် တုန်လို့ တကိုယ်လုံး ချစ်ချစ်တောက်ပူလို့။
စကားမိန်းလည်း မရ။ ငန်းဖမ်းရေဆိုစော် ဒေစော်လား။ သန္နိပါတ်များဆိုစော် ဒေစော်လား။
ညှာစိမ်းဖြူ ဇာပိုင်လုပ်ရဖို့ရောင်။ အစော်ဆီးပီးလို့ ဇာဆီးလူးရဖို့လဲယေ။ ယေကေ အဖိုးကတိုးအောင်နန့် အဘောင်ဒါဦးဖြူကော။ ဟာ……..သူရို့ အေနိညဇာဖက်က သူ့မိတ်ဆွေဆင်တကောင်ကို ဆီးကုဖို့ဟိရေ ဆိုပြီးကေ
ယိုင်းယိုင်းရိုးလှသန္တာက အပြင်း ဖုတ်ပူမီး တိုက်လုပ်လွှတ်လို့ ဆားပြင်းဖက်ကို ကထိုက်ကရိုက် လားရရေဆိုစော်ကို ညှာစိမ်းဖြူ အလုပ်က အိမ်ကို ပြန်ရောက်မှသိရေ။ ယေပိုင်ဆိုကေ အမိကား။ ဘဇောင် ပြန်ရဖို့ရောင်။ သူ့သမီးပါးကို ညဥ့်နက်သန်းခေါင် ပရံလူယောက်ျားတယောက် ရောက်လာစော်ကို အံ့သြကြီး ကျခြီမကိုင်မိ လက်မကိုင်မိ ကြက်တက်မောလို့။ အနာသည် ဟစ်ပိုင်းဆိုတော့ တခုလေ့ ပြောလေ့မပြောယာ၊ လုပ်လေ့ မလုပ်ယာ။ ထောင့်တထောင့်မှာ ကျောက်ရုပ် ပိုင်ထိုင်နိန်ရေ။ ဘုရား…ဘုရား…ညှာစိမ်းဖြူ ဇာပိုင်လုပ် ရဖို့ရောင်။
ယော်………ယိုင်းယိုင်ရိုးလှသန္တာ သူ သူဘဇောင်သိလားရောင်။ ညှာစိမ်းဖြူရို့ အိမ်ကုသျှေကို ဗြုန်းခနဲ
ရောက်လာပြီးကေ မောင်းမောင်ငဝါနှောင်းကို စောင့်ကြည့်လိုက်တေ။ မကွယမဝှက်ပြောကေ ယိုင်းယိုင် ရိုးလှသန္တာကို တွိလိုက်ရစော် ကျားကြီးကို ရင်ဆိုင်တွိလိုက်ရရေ သမင်စိတ်ကေပိုင် ညှာစိမ်းအဖို့။ ယာ…….မြတ်စွာဘုရား….ယိုင်းယိုင် ရိုးလှသန္တာ ဘဇောင်ဖြစ်လားရောင်။ ဒေါသထွက်တေ အမူအရာ တစိလေ့ မတွိရပဲ
မောင်းမောင်ငဝါနှောင်းပါးက အဝတ်စိုတိကို ဖယ်ပစ်လိုက်ဖို့၊ အဝတ်ခြောက်တိကို ဝတ်ပီးဖို့ကိုပြော။ သူကိုယ်တိုင်လည်း မီးလင်းဖိုကို ယူလို့ မီးတဖို ဖိုလို့။ အအီးဒဏ်သင့်နိန်ရေ မောင်းမောင်၊ အပူဓါတ်ရဖို့အတွက် ဆိုရလေ့ နောက်ဆီးတိုက်ဖို့ ဆီးလူးဖို့ သူစီစဉ်။
အေးလေ….သူက မိန်းမသားတယောက်ဆိုတော့ ဘဇောင်ပိုင်ပြောပြော၊ မေတ္တာစိတ်၊ ကရုဏာစိတ်၊
မိခင်စိတ်တော့ ဟိနိန်စော်ပဲမဟုတ်လား။ အလုပ်သမားတိကို လက်ညိုးထိုးခိုင်လိုက်ကေ ဖြစ်ယင့်သားနန့် ကိုယ်တိုင်ဝင်လုပ်ပီးရေဆိုစော်လေ့ သူ့စေတနာ ကောင်းတခု ဖြစ်ပါဖို့ယေ။ ညှာစိမ်းဖြူရို့ အိမ်ကုတ်သျှေမှာ ယောက်ျားအင်္ကျီတိ၊ ခယောက်တိမဟိတော့ ဘေးဘေ ငပိန်တာ အင်္ကျ
ီခယောက်တိကို ယိုင်းယိုင်ရိုးလှသန္တာပဲ လားယူလို့ပီး။ သင့်တော်ရေ ဆီးကိုလေ့ ရှာလို့တိုက်ပီး။ ယာဂုလေ့ ကြိုလို့ ကျွေးလိုက်သိ။ နောက်ပြီး မောင်းမောင် ငဝါနှောင်းမာ ခါးမှာပန်းလာရေ လက်ဖွဲ့ဆိုလား ခါးလှည့်ဆိုလား၊ ယင်းစော်ကို ဖြုတ်လို့ ဘေးဘေ ငပိန်တောကို သိဒ္ဓိတင်ဖို့ ခိုင်းပြီးကေ မောင်းမောင် ငဝါနှောင်းခါးမှာ ပြန်လို့ ဝတ်ပီး ထားသိရေလေ။
အို…..အို……နိန်ပါအုံး။ ဒေလောက်ထိ သုံးလေးရက် ကိုယ်ဖိရင်ဖိ ပြုစုနိန်စော် မောင်းမောင်ငဝါနှောင်းစော် ထူထူထောင်ထောင် မဟိပါကားနန်း။ ဘိန်းမူးနိန်ရေ
လူတယောက်ပိုင်ကားယေ။ ဆီးတိဝါးတိ ယင်းလောက်ထိ တိုက်ယင်းသားနန့်။ ဒေအချိန်မှာ မောင်းမောင်ကြီး ငတောမောင် ဗြုန်းခနဲ ရောက်လာပြီးကေ အိပ်ရာထဲမှာလဲနိန်ရေ
မောင်းမောင်ငဝါနှောင်းကို ကြည့်လိုက်၊ ညှာစိမ်းဖြူကိုကြည့်လိုက်နန့်၊ မောင်းမောင်ကြီး ငတောမောင်၏ မယုံ သင်္ကာမျက်လုံး၊ သံသယမျက်လုံးတိစော် ညှာစိမ်းဖြူ၏ ရင်ခေါင်းထဲကို မီးရဲအောင်ဖုတ်ထားရေ ကွတ်စူးနန့် ထိုးပစ်လိုက်တေပိုင် စူးခနဲ။
ရွီးသားသူ - မင်းရှိန်အောင် ( ရခိုင်ရိုးမ မဂ္ဂဇိန်း အမှတ်(၄)မှ ကူးယူဖေါ်ပြသည်။)

No comments:
Post a Comment