သမိုင်းကို အမှန်သိ၍ အမှန်ကို လက်ခံပြောဆိုကြရမည်
=====================================
ရခိုင်လူမျိုးအကြောင်းနှင့် ပါတ်သက်၍ ပြောချင်သည့် စိတ်ဆန္ဒ ရှိနေသည်မှာ ကြာပြီဖြစ်သည်၊ တချို့သောလူငယ်များက သူတို့၏ ရခိုင်လူမျိုးနှင့်ပါတ်သက်၍ ရှင်းရှင်းလင်း ပြောဆိုနေကြသည်ကို တွေ့ရသည်၊ လူကြီးများကမူ မရှင်းမလင်း ပြောဆိုလုပ်ကိုင် နေကြသည်ကို တွေ့မြင်နေရရာ ဤပြသနာကို ပြောမှဖြစ်တော့မည်ထင်သည်၊ ပြည်တွင်းမှာ အနေများပြီး စာတွေပေတွေ ရေးယင်း သတင်းစာဂျာနယ် လောကတွင် ၀င်ရောက်နေခဲ့သော ကျွန်တော့်အား ပြည်ပ၌ ပထမဆုံး ဝေဖန်ခံရသော အခါ စိတ်ထဲမှာ တမျိုးဖြစ်သွားသည်၊ ဝေဖန်သူက ရခိုင်အမျိုးသားလွပ်မြောက်ရေးပါတီက ဥက္ကဌ ဦးမောင်စိန်ညွန့် ဖြစ်သည်၊ အကြောင်းမှာ ကျွန်တော်ရေးနေသော ရခိုင်ပြည်အကြောင်းကို ပြည်နယ် ဆိုပြီး ရေးထည့်မိခြင်းကြောင်း ဖြစ်သည်၊ ထို့ကြောင့် ထိုအမှားကို ချက်ချင်း ပြန်လည်ပြင်ဆင်လိုက်ရပါသည်၊
စင်စစ် မသိ၍ မဟုတ် ၊ သိသော်လည်း ရေးနေသော အကျင့်က ပါနေတတ်သောကြောင့် သတိမမူခဲ့ခြင်း ဖြစ်သည်၊ ဥက္ကဌဦးမောင်စိန်ညွန့်ကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ အထူးကျေးဇူးတင်လိုက်ရပါသည်၊ ယခု ဥက္ကဌကြီး ကွယ်လွန်ခဲ့ပြီ၊ မကွယ်လွန်ခင် ကျွန်တော်ထံသို့ ရောက်ရှိခဲ့သည်၊ ရန်သူ ဗမာစစ်အစိုးရကို သေသည်အထိ တိုက်ပွဲဝင် တော်လှန်ရေး သမားကြီးကို ကျွန်တော် မမေ့၊ ပြီးတော့ပြောခဲ့သော စကားများ၊ ခံယူချက်များ ကား အထူးမှတ်သားစရာများဖြစ်သောကြောင့် ယခုထက်ထိ ကျွန်တော် ဂုဏ်ယူစွာနှင့် လက်ခံထားခြင်းလည်းဖြစ်သည်၊
အထူးသဖြင့် ရခိုင်လူမျိုးတို့မှာ ကိုယ့်ထီးကိုယ့်နန်းနှင့် နေခဲ့သော လူမျိုးဖြစ်သည်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေ ၊နှင့် အချုပ်အချာနိုင်ငံ ရှိခဲ့သည်၊ ဆိုသော ဟောပြောချက်များ ဖြစ်သည်၊
ထို့ကြောင့် ရခိုင်လူမျိုးတို့သည် မိမိတို့၏ ရခိုင်နိုင်ငံတော် အချုပ်အချာအာဏာနိုင်ငံကိုြ့ပန်လည်ရရှိအောင် တော်လှန်ရးကို ဆက်လက် ဆင်နွဲ ရမည်လိုသည်ဟု ဆိုသော စကားမှာ ကျွှန်တော်တို့၏ အတွေးထဲမှာ ထာဝစဉ် ရှိနေခဲ့သည်၊ ရခိုင်လူမျိုးတို့မှာ ယခုအချိန်တွင် စစ်အစိုးရ၏ ကိုလိုနီအဖြစ် ရှိနေသောကြောင့် ယခုအချိန်တွင်လည်း လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲကို ပြုလုပ်နေသည်၊ ဆိုရလျှင် ရခိုင်လူမျိုးတို့သည် တိုင်းရင်းသားလူမျိုးမဟုတ်၊ သီးခြားလူမျိုးဖြစ်သည်၊ သီးခြားနိုင်ငံတော် ရှိသည်၊ သီးခြားယဉ်ကျေးမှု ရှိသည်၊ ဤအသိများကို ယခုအချိန်တွင် ရခိုင်လူငယ်တိုင်းက တမြတ်တနိုး ပြောဆိုရေးသားကြသည်၊ သူတို့၏ မျိုးချစ်စိတ်ဓါတ်ရှိနေသမျှ ရခိုင်နိုင်ငံတော်မှာ တနေ့တွင် သူတို့ပြန်လည်
ရရှိကြမည်ဖြစ်သည်၊
သို့လင့်ကစား ရခိုင်အဖွဲ့အစည်းတချို့၏ နာမည်ခံ ပြုလုပ်နေကြသော အချို့သော ပုဂ္ဂိုလ်တို့အနေဖြင့် ရခိုင်လူမျိုးမှာ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးဖြစ်သည်ဟု လက်ခံပြောဆိုနေကြသည်ဟု ဆိုသည်၊ ဤကိစ္စကို ပြတ်သားစွာ ရှင်းရမည်ဖြစ်သည်၊ ရခိုင်လူမျိုးတို့သည် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ မဟုတ်ကြောင်းကို သူတို့ ရှင်းလင်းပြောဆိုရမည်ဖြစ်သည်၊ နိုင်ငံရေးအဖွဲ့အစည်းများမှာ ၀င်ရောက်လုပ်ကိုင်နေသူများသည် နိုင်ငံရေးသမားများ ဖြစ်သည်။ ယင်းကြောင့် နိုင်ငံရေးသမားတို့သည် အတိတ်ကို အခြေခံကာ ပစ္စုပန်ကို သုံးသပ်နိုင်ရန်လိုအပ်ပြီး အနာဂါတ်ကို တွေးခေါ်မြော်မြင်နိုင်စွမ်း ရှိသူဖြစ်ရမည်၊ သည်တော့ ရခိုင်လူမျိုးတို့၏ အတိတ်ကာလကို ဖြတ်တ်သန်းကြည့်ြ့ပီးမှ ရခိုင်လူမျိုးတို့ကို နိုင်ငံရေး လုပ်စေချင်သည်၊ စင်စစ်အားဖြင့် မည်သည့် အန်ဂျီအိုတို့ကိုမျှ ကြိုက်နှစ်သက်ရန်အတွက် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးပါဟု ပြောဆိုစရာ အကြောင်း မရှိချေ၊ တချိန်တည်းမှာပင် မည်သည့်ဗမာလူမျိုးတွေကိုကော ၊ မည်သည့် အခြားလူမျိုးတွေကိုကော သူတို့ ကြိုက်နှစ်သက်ရန်အတွက် အဖွဲ့အစည်းနာမည်ခံကာ တိုင်းရင်းသား လူမျိုးဟု ပြောဆိုစရာ မလိုအပ်ချေ၊ တချိန်တည်းမှာပင် တိုင်းရင်းသားလူမျိုးများ အဖွဲ့တွင်လည်း ၀င်ရောက်စရာ မလိုချေ၊ အကြောင်းမှာ ရခိုင်လူမျိုးတို့သည် တိုင်းရင်းသား လူမျိုးများ မဟုတ်သောကြောင့်ဖြစ်သည်။
သမိုင်းကို သိပါလျက်ကယ်နှင့် လိမ်နေပြီး ပြောဆိုဆက်ဆံ လုပ်ကိုင်နေကြမည့်အစား ရဲရဲရင့်ရင့်နှင့် မိမိဘ၀အခြေအနေကို ထုတ်ဖေါ်ရှင်းလင်း ပြောဆိုမှသာ မျိုးချစ်နိုင်ငံရေးသမားဟု အသုံးအနုံးများနှင့် လိုက်ဖက်နေမည်ဖြစ်သည်၊ ယင်းသို့မဟုတ်ဘဲ ဆက်လက် ပြောဆိုလက်ခံပြီး မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးဟု ပြုလုပ်နေမည် ဆိုပါက ကြီးမှားသော ဆုံးရှုံးမှုမျိုးကို အနာဂါတ်တွင် ရခိုင်လူမျိုးတို့ ရရှိခံစားသွားနိုင်မည့် လက္ခဏာများ ရှိနေသည်၊ အဓိကအားဖြင့် ရခိုင်နိုင်ငံတော်သည် လွန်ခဲ့သော သက္ကရာဇါ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဗမာဘုရင် ဘိုးတော် မောင်ဝိုင်း နယ်ချဲ့ကျူးကျော် သိမ်းပိုက်ခဲ့မှူကြောင့် ယင်းအချိန်မှပင် ကိုလိုနီကျွန် ဘ၀ ကို ကျရောက်သွားခြင်းဖြစ်သည်၊ နောက်အင်္ဂလိပ်တို့က နယ်ချဲ့ သိမ်းပိုက်ခြင်း ခံရသောကြောင့် ဒုတိယ အင်္ဂလိပ်တို့လက်အောက် ကိုလိုနီဘ၀ ကျရောက်သွားခြင်းဖြစ်သည်။ ယင်းပြီးနောက် ဂျပန်က အင်္ဂလိပ်ကို တိုက်ထုတ်ပြီး မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် သိမ်းပိုက်သည်၊ သည်တော့ ဂျပန် ကိုလိုနီဘ၀ ကို ရခိုင်ပြည်က ကျရောက်သွားပြန်သည်၊ရခိုင်လူမျိုးတွေက တော်လှန်ရေးကို ပထမဦးစွာလုပ်သည်၊ မြန်မာနိုင်ငံမှ ဒုတိယကမ္ဘာစစ်နှင့်အတူ ဂျပန်က စစ်ရှုံး၍ ပြန်ပြေးသွားသည်၊ ဂျပန်ပြေးတော့ အင်္ဂလိပ် က တခါ ထပ်ပြီးတော့ ကိုလိုနီအဖြစ် သိမ်းပိုက်ပြန်သည်၊ ၁၉၄၈ ခုနှစ်ရောက်တော့ အင်္ဂလိပ်က လွပ်လွပ်ရေးကို အိန္ဒိယနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ၊ ပေးပြီးနောက် မြန်မာနိုင်ငံကို
ပေးလိုက်သည့် အခါမှာ ရခိုင်ပြည်က မြန်မာနိုင်ငံအထဲ ရောပြီးပါသွားခဲ့သည်၊ ထို့ကြောင့် ရခိုင်နိုင်ငံသည် ကိုလိုနီဘ၀ကိုဘဲ ပြန်လည်ရောက်သွားခြင်းဖြစ်သည်၊ ဤသည်မှာ ကိုလိုနီဘ၀က ရုန်းမထွက်နိုင်သေးသော ရခိုင်နိုင်ငံဘ၀ကို သိစေလို၍ ရေးပြခြင်းဖြစ်သည်၊ ကောင်းပြီ၊
သို့ဆိုလျှင် ရခိုင်လူမျိုးတို့သည် သူတို့နိုင်ငံတော် အချုပ်အချာနိုင်ငံတော်အတွက် ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်မူများ ရှိခဲ့လေသလားဟု တွေးကြည့်ရန်လိုသည်၊ လေ့လာရန်လိုသည်၊ ရခိုင်လူမျိုးတို့မှာ
အချုပ်အချာအာဏာနိုင်ငံတော်ကျဆုံးသွားးခဲ့ချိန်မှ ယခုအချိန်ထိ တော်လှန်ရေး လုပ်နေကြဆဲဖြစ်သည်၊
ရှင်းရှင်းလင်း ပြောဆိုရလျှင် ရခိုင်ပြည်လွပ်မြောက်ရေးပါတီ ( ALP ) သည် ရခိုင်နိုင်ငံတော် အချုပ်အချာအာဏာပြန်လည် ရရှိရေးအတွက် စစ်အစိုးရကို အကောင်းဆုံးတိုက်ခိုက် တော်လှန်သော ရခိုင်လူမျိုးအဖွဲ့အစည်းကြီးတခုဖြစ်သည်၊ သည်တော့ ရခိုင်လူမျိုးမှာ သီးခြားလူမျိုးတမျိုးဖြစ်ကြောင်း သိသာနိုင်သည်၊ ထို့ကြောင့် ရခိုင်လူမျိုးမှာ မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးတမျိုး မဟုတ်ကြောင်း နားလည်ကြမည်ထင်သည်၊
နိုင်ငံရေးအရ အမြင်ကွဲပြားမှူများ ရှိကောင်းရှိနေကြမည် ဖြစ်သော်လည်း မဟာဗျူဟာ ကျကျမှာမူ ကွဲပြားစရာ မရှိချေ၊
လူ့အခွင့်အရေး အခြေခံ ဥပဒေအချက် ၃၀ ထဲတွင် ပုဒ်မအချက်တခု ထင်ရှားစွာ ရေးသားထားသည်၊ ယင်းမျာ လူမျိုးတမျိုးကို၊ နိုင်ငံတနိုင်ငံကို ကိုလိုနီကျွန်အဖြစ် မပြုလုပ်ရဟု ပြဌန်းထားသည်၊ ရခိုင်လူမျိုးတို့သည် လူ့အခွင့်အရေး ဥပဒေအတိုင်း ခံစားခွင့် မရရှိသော လူမျိုးဖြစ်နေသည်၊ အဘယ့်ကြောင့်ဆိုသော် ကိုလိုနီကျွန်အဖြစ် ပြုလုပ်ခံနေရခြင်းကြောင့်ဖြစ်သည်၊
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြတ်နိုးသော မည်သည့် နိုင်ငံသားတိုင်းမဆို ရခိုင်လူမျိုးတို့၏ လူ့အခွင့်အရေး ဆုံးရှုံးမှူများအပေါ် ကိုယ်ချင်းစာနာမိကြမည်ထင်သည်၊ အခြားသော မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးတို့သည်လည်း ရခိုင်လူမျိုးအား တိုင်းရင်းသား မဟုတ်ကြောင်းကို သိရှိနားလည်ကြမည်၊ တိုင်းရင်းသားလူမျိုးများ အဖွဲ့အစည်းတွင် ပါဝင်ပါတ်သက် ထည့်ထားလျင်လည်း အဖွဲ့ဝင်အဖြစ်မှ ထုတ်ပါယ်လိုက်မှ သဘာဝ ကျပေလိမ့်မည်၊
အထူးသဖြင့် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးများ အဖွဲ့အစည်းတွင် ဗမာလူမျိုးများကို တိုင်းရင်းသားလူမျိုးများ ကောင်စီ(ENC ) တွင် ထည့်မှသာ နိုင်ငံရေးဆောင်ရွက်ချက်များ၌ တက်ညီလက်ညီ ဖြစ်ကြလိမ့်မည်ဖြစ်သည်၊ ယင်းကား ဗမာ လူမျိုးများမှာ တိုင်းရင်းသား ဖြစ်နေသောကြောင့်ပင်၊
စင်စစ်အားဖြင့် ဗမာလူမျိုးများမပါဝင်သော အဖွဲ့အစည်းကို ဖွဲ့ထားသည်မှာလည်း သဘာဝ မကျလှပေ၊ တိုင်းရင်းသားလူမျိုး အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နိုင်ငံရေး လုပ်ငန်းဆောင်တာများကို ၀ိုင်းဝန်းလုပ်ဆောင်ဖို့ လိုသည်ဟု ထင်သည်၊
ပြောပြချင်ပါသည်၊ ရခိုင်လူမျိုးမှာ တိုင်းရင်းသား လူမျိုး မဟုတ်ဟု၊ ထပ်ပြီးတခါ ရှင်းရှင်းလင်းလင်း ပြောပြချင်ပါသည်၊ ရခိုင်လူမျိုးတို့မှာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများ မဟုတ်ကြောင်းကို ပြောပြချင်သည်၊ ဤသည်မှာ လူမျိုးရေးမုန်းတီရေးကို အခြေခံကာြေ့ပာဆိုနေခြင်း မဟုတ်ချေ ၊ စံနစ်တခုကို နာနာကျဉ်းကျဉ်း ပြောဆိုနေခြင်းဖြစ်သည်၊
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆုံးရှုံးခံစားနေရသော လူမျိုးတမျိုးအနေနှင့် ခံစားမှူများကို ကျွန်တော်တို့၏ တော်လှန်ရေး ဥက္ကဌကြီး ဦးမောင်စိန်ညွန့်သည် ကွယ်လွန်သည့် အချိန်ထိ သွန်သင် ပြောဆိုပြခဲ့သည်၊ ယင်းပြောဆိုချက်များကို တနေ့မှမေ့ခြင်းမရှိ၊ ထို့အတူ ရခိုင်လူမျိုးတိုင်းကိုလည်း ယင်းသို့ပြောကြစေချင်သည်၊ ခံစားစေချင်သည်၊ သမိုင်းအမှန်ကို သိ၍ အမှန်ကို ပြောပြရန် ယခုအချိန်မှာ အထူးအရေးကြီးနေပါသည်ဟု ဆိုက မလွန်လှဟု ထင်ပါသည်။
ခိုင်အောင်ကျော် (စစ်တွေ )

No comments:
Post a Comment